တျခားဘာသာ ကိုးကြယ္လို႔ အီရန္-အေမရိကန္ ဇနီးေမာင္ႏွံကို အီရန္က ေထာင္ဒဏ္ခ်မွတ္

0
2727

ဇို႐ိုအက္စတား ဘာသာကို ကိုးကြယ္တဲ့အတြက္ အီရန္-အေမရိကန္ ႏွစ္ႏိုင္ငံသား ခံယူထားသူနဲ႔ ဇနီးကို အီရန္ အာဏာပိုင္ေတြက ေထာင္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

အႏုပညာပစၥည္း ေရာင္းဝယ္သူ အေမရိကန္-အီရန္ ႏွစ္ႏိုင္ငံသား ကာရန္ ဗာဖာဒါရီ ကို ေထာင္ဒဏ္ ၂၇ ႏွစ္၊ အေမရိကန္မွာ အၿမဲတမ္း ေနထိုင္ခြင့္ရသူ အီရန္ႏိုင္ငံသူ ဇနီး အာဖရင္ ေနဆာကို ေထာင္ဒဏ္ ၁၆ ႏွစ္ ခ်မွတ္တာ ျဖစ္ၿပီး အီရန္အာဏာပိုင္ေတြက ႏွစ္ႏိုင္ငံသား ခံယူထားသူေတြကို ေထာင္ခ်မႈေတြထဲက ေနာက္ဆံုးတစ္ခု ျဖစ္ပါတယ္။

သူတို႔ ဇနီးေမာင္ႏွံကို ၂၀၁၆ ခုႏွစ္မွာ အီရန္ ေတာ္လွန္ေရးအေစာင့္တပ္က ဖမ္းဆီးခဲ့တာ ျဖစ္ၿပီး အဖမ္းခံရကတည္း သတင္းအခ်က္အလက္ အနည္းငယ္သာ ရခဲ့ပါတယ္။

အီဗင္ေထာင္ထဲကေန အီရန္ရွိ လူ႔အခြင့္အေရးစင္တာကို ေရးပို႔လိုက္တဲ့ ဗာဖာဒါရီရဲ႕ စာထဲမွာ သူ႔ကို က်ား၊ မ မ်ိဳးစံု ပါဝင္ဆင္ႏႊဲတဲ့ ပါတီေတြ က်င္းပမႈ၊ ယမကာ လက္ဝယ္ေတြ႔မႈေတြနဲ႔ ေထာင္တြင္း ခံု႐ံုးမွာပဲ ေထာင္ဒဏ္ခ်မွတ္တာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တခြားဘာသာ ကိုးကွယ်လို့ အီရန်-အမေရိကန် ဇနီးမောင်နှံကို အီရန်က ထောင်ဒဏ်ချမှတ်

ဇိုရိုအက်စတား ဘာသာကို ကိုးကွယ်တဲ့အတွက် အီရန်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူနဲ့ ဇနီးကို အီရန် အာဏာပိုင်တွေက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

အနုပညာပစ္စည်း ရောင်းဝယ်သူ အမေရိကန်-အီရန် နှစ်နိုင်ငံသား ကာရန် ဗာဖာဒါရီ ကို ထောင်ဒဏ် ၂၇ နှစ်၊ အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့်ရသူ အီရန်နိုင်ငံသူ ဇနီး အာဖရင် နေဆာကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်တာ ဖြစ်ပြီး အီရန်အာဏာပိုင်တွေက နှစ်နိုင်ငံသား ခံယူထားသူတွေကို ထောင်ချမှုတွေထဲက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံကို ၂၀၁၆ ခုနှစ်မှာ အီရန် တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အဖမ်းခံရကတည်း သတင်းအချက်အလက် အနည်းငယ်သာ ရခဲ့ပါတယ်။ အီဗင်ထောင်ထဲကနေ အီရန်ရှိ လူ့အခွင့်အရေးစင်တာကို ရေးပို့လိုက်တဲ့ ဗာဖာဒါရီရဲ့ စာထဲမှာ သူ့ကို ကျား၊ မ မျိုးစုံ ပါဝင်ဆင်နွှဲတဲ့ ပါတီတွေ ကျင်းပမှု၊ ယမကာ လက်ဝယ်တွေ့မှုတွေနဲ့ ထောင်တွင်း ခုံရုံးမှာပဲ ထောင်ဒဏ်ချမှတ်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)