ကယ္လီဖိုးနီးယား ရဟတ္ယာဥ္ ပ်က္က်မႈ ၃ ဦး ေသ

0
2085

အေမရိကန္၊ ကယ္လီဖိုးနီးျပည္နယ္ ေတာင္ပိုင္းမွာ အိမ္တစ္လံုးေပၚ ရဟတ္ယာဥ္ ပ်က္က်လို႔ လူ ၃ ဦး ေသဆံုးသြားပါတယ္။

ေလေယာက္စီး ေရာ္ဘင္ဆင္ အမ်ိဳးအစား ရဟတ္ယာဥ္ဟာ ဒီေန႔ ဇန္နဝါရီ ၃၁ ရက္ေန႔က နယူးေပါ့ ဘိခ်္မွာ ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။ ပ်က္က်တဲ့ အိမ္ရဲ႕ အိမ္နီးနားခ်င္း မ်က္ျမင္သက္ေသတစ္ဦးက ေလယာဥ္ပ်က္ထဲမွာ လူ ၃ ဦး ေတြ႔ေၾကာင္း၊ ေလယာဥ္မႉးက ျမက္ခင္းျပင္ေပၚမွာ လဲေနေၾကာင္း ေျပာပါတယ္။

တျခား လူ ၂ ဦးလည္း ဒဏ္ရာရတယ္လို႔ သက္ဆိုင္ရာ အရာရွိေတြက ေျပာေပမယ့္ အေသးစိတ္ေတာ့ မသိရေသးပါဘူး။ ဖက္ဒရယ္ ေလေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႔က ရဟတ္ယာဥ္ေပၚမွာ လူ ၄ ဦးပါရွိတယ္လို႔ ထုတ္ျပန္ပါတယ္။  

မ်က္ျမင္သက္ေသေတြကေတာ့ ၃ ဦးက ရဟတ္ယာဥ္ပ်က္ထဲမွာ ပါသြားၿပီး ၁ ဦးကေတာ့ လက္လႈပ္ေနတာ ျမင္ရတယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်လီဖိုးနီးယား ရဟတ်ယာဉ် ပျက်ကျမှု ၃ ဦး သေ

အမေရိကန်၊ ကယ်လီဖိုးနီးပြည်နယ် တောင်ပိုင်းမှာ အိမ်တစ်လုံးပေါ် ရဟတ်ယာဉ် ပျက်ကျလို့ လူ ၃ ဦး သေဆုံးသွားပါတယ်။

လေယောက်စီး ရော်ဘင်ဆင် အမျိုးအစား ရဟတ်ယာဉ်ဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့က နယူးပေါ့ ဘိချ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျတဲ့ အိမ်ရဲ့ အိမ်နီးနားချင်း မျက်မြင်သက်သေတစ်ဦးက လေယာဉ်ပျက်ထဲမှာ လူ ၃ ဦး တွေ့ကြောင်း၊ လေယာဉ်မှူးက မြက်ခင်းပြင်ပေါ်မှာ လဲနေကြောင်း ပြောပါတယ်။

တခြား လူ ၂ ဦးလည်း ဒဏ်ရာရတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပေမယ့် အသေးစိတ်တော့ မသိရသေးပါဘူး။ ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ရဟတ်ယာဉ်ပေါ်မှာ လူ ၄ ဦးပါရှိတယ်လို့ ထုတ်ပြန်ပါတယ်။ မျက်မြင်သက်သေတွေကတော့ ၃ ဦးက ရဟတ်ယာဉ်ပျက်ထဲမှာ ပါသွားပြီး ၁ ဦးကတော့ လက်လှုပ်နေတာ မြင်ရတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)