ကမာၻ႔အရပ္အရွည္ဆံုး အမ်ိဳးသားနဲ႔ အရပ္အပုဆံုး အမ်ိဳးသမီးတို႔ အီဂ်စ္မွာ ေတြ႔ဆံု

0
2104

ကမာၻ႔ အရပ္အရွည္ဆံုး အမ်ိဳးသား ဆူလ္တန္ ကိုဆင္နဲ႔ ကမာၻ႔ အရပ္အပုဆံုး အမ်ိဳးသမီး ဂ်႐ိုတီ အမ္ဂီတို႔ ႏွစ္ဦးဟာ ဇန္န၀ါရီလ ၂၆ ရက္ေန႔က အီဂ်စ္ႏိုင္ငံရွိ ဂီဇာ ပိရမစ္ကို သြားေရာက္လည္ ပတ္ခဲ့ၾကပါတယ္။

သူတို႔ ႏွစ္ဦးဟာ အီဂ်စ္ႏိုင္ငံအတြင္း ႏိုင္ငံျခားခရီးသြားလာမႈ ျမွင့္တင္ေရးအတြက္ အီဂ်စ္ ခရီးသြားဝန္ႀကီးဌာန နဲ႔ ဂင္းနစ္ မွတ္တမ္းအဖြဲ႔တို႔ ပူးေပါင္းလုပ္ေဆာင္တဲ့ ေၾကာ္ျငာအတြက္ ေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။

ဆူလ္တန္ ကိုဆင္ဟာ အသက္ ၃၅ ႏွစ္ အရြယ္ရွိၿပီး သူ႔ရဲ႕အရပ္က အျမင့္ ၈ ေပနဲ႔ ၃ လက္မ ရွိကာ ကမာၻ႔ အရပ္အရွည္ဆံုး လူသားအျဖစ္ ဂင္းနစ္စံခ်ိန္ တင္ထားသူ ျဖစ္ပါတယ္။

အမ္ဂီကေတာ့ အသက္ ၂၄ ႏွစ္ အရြယ္ရွိျပီး သ႐ုပ္ေဆာင္ေဟာင္း တစ္ဦးလည္း ျဖစ္ပါတယ္။ အမ္ဂီဟာ အေမရိကန္ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ဖူးၿပီး သူ႔ရဲ႕ အရပ္ဟာ ၂၄ ဒသမ ၇ လက္မနဲ႔ အရပ္အပုဆံုး လူသားအျဖစ္ ဂင္းနစ္စံခ်ိန္ တင္ထားသူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနဲ့ အရပ်အပုဆုံး အမျိုးသမီးတို့ အီဂျစ်မှာ တွေ့ဆုံ

ကမ္ဘာ့ အရပ်အရှည်ဆုံး အမျိုးသား ဆူလ်တန် ကိုဆင်နဲ့ ကမ္ဘာ့ အရပ်အပုဆုံး အမျိုးသမီး ဂျရိုတီ အမ်ဂီတို့ နှစ်ဦးဟာ ဇန်နဝါရီလ ၂၆ ရက်နေ့က အီဂျစ်နိုင်ငံရှိ ဂီဇာ ပိရမစ်ကို သွားရောက်လည် ပတ်ခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ အီဂျစ်နိုင်ငံအတွင်း နိုင်ငံခြားခရီးသွားလာမှု မြှင့်တင်ရေးအတွက် အီဂျစ် ခရီးသွားဝန်ကြီးဌာန နဲ့ ဂင်းနစ် မှတ်တမ်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ကြော်ငြာအတွက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဆူလ်တန် ကိုဆင်ဟာ အသက် ၃၅ နှစ် အရွယ်ရှိပြီး သူ့ရဲ့အရပ်က အမြင့် ၈ ပေနဲ့ ၃ လက်မ ရှိကာ ကမ္ဘာ့ အရပ်အရှည်ဆုံး လူသားအဖြစ် ဂင်းနစ်စံချိန် တင်ထားသူ ဖြစ်ပါတယ်။ အမ်ဂီကတော့ အသက် ၂၄ နှစ် အရွယ်ရှိပြီး သရုပ်ဆောင်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အမ်ဂီဟာ အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးပြီး သူ့ရဲ့ အရပ်ဟာ ၂၄ ဒသမ ၇ လက်မနဲ့ အရပ်အပုဆုံး လူသားအဖြစ် ဂင်းနစ်စံချိန် တင်ထားသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)