ေျမာက္ကိုရီးယား ေခါင္းေဆာင္မႈပိုင္းဟာ ေဖာက္ျပန္ပ်က္စီးေနတယ္လို႔ သမၼတ ထရမ့္ ေျပာ

0
2118

ၿပံဳယမ္းရဲ႕ ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္မႈဟာ အေမရိကန္ အမိေျမကို မၾကာခင္ ၿခိမ္းေျခာက္လာေတာ့မွာ ျဖစ္ၿပီး ေျမာက္ကိုရီးယား ေခါင္းေဆာင္မႈပိုင္းဟာ ေဖာက္ျပန္ ပ်က္စီးေနတယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

ေျမာက္ကိုရီးယားကို အျမင့္ဆံုး ဖိအားေတြ ေပးဖို႔ လံႈ႔ေဆာ္မႈေတြလည္း လုပ္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ဒီေန႔ ဇန္နဝါရီ ၃၁ ရက္ေန႔ သူ႔ရဲ႕ ႏိုင္ငံေတာ္ အေျချပမိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားသြားပါတယ္။

လာမယ့္လ ေတာင္ကိုရီးယားမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲမွာ ေျမာက္ကိုရီးယားက ပါဝင္ဖို႔ သေဘာတူၿပီး ေတာင္နဲ႔ ေျမာက္ကိုရီးယားၾကား ေဆြးေႏြးမႈေတြ စတင္လုပ္ေနခ်ိန္မွာ သမၼတ ထရမ့္က အခုလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ခေါင်းဆောင်မှုပိုင်းဟာ ဖောက်ပြန်ပျက်စီးနေတယ်လို့ သမ္မတ ထရမ့် ပြော

ပြုံယမ်းရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုဟာ အမေရိကန် အမိမြေကို မကြာခင် ခြိမ်းခြောက်လာတော့မှာ ဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင်မှုပိုင်းဟာ ဖောက်ပြန် ပျက်စီးနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
မြောက်ကိုရီးယားကို အမြင့်ဆုံး ဖိအားတွေ ပေးဖို့ လှုံ့ဆော်မှုတွေလည်း လုပ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

လာမယ့်လ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ မြောက်ကိုရီးယားက ပါဝင်ဖို့ သဘောတူပြီး တောင်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးမှုတွေ စတင်လုပ်နေချိန်မှာ သမ္မတ ထရမ့်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)