0
2552
လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်တုန်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ဓာတ်ခွဲခန်းတစ်ခုမှာ လူသားနဲ့ ချင်ပန်ဇီကို မျိုးစပ် မွေးဖွားပေးနိုင်ခဲ့ပေမယ့် ထိတ်လန့်တဲ့ ဆရာဝန်တွေက သတ်ဖြတ်လိုက်ကြတယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ထုတ်ဖော် ပြောဆိုပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
လွန်ခဲ့တဲ့ နှစ် ၁၀ဝ ခန့်က အမေရိကန်မှာ လူသား-ချင်ပန်ဇီ ဖန်းတီးနိုင်ခဲ့
လွန်းခဲ့တဲ့ ၁၉၂၀ ခုနှစ်တုန်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ဓာတ်ခွဲခန်းတစ်ခုမှာ လူသားနဲ့ ချင်ပန်ဇီကို မျိုးစပ် မွေးဖွားပေးနိုင်ခဲ့ပေမယ့် ထိတ်လန့်တဲ့ ဆရာဝန်တွေက သတ်ဖြတ်လိုက်ကြတယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ထုတ်ဖော် ပြောဆိုပါတယ်။
ဖလော်ရီဒါပြည်နယ်၊ အောရိန်းပါ့ခ်ရှိ ဓာတ်ခွဲခန်းတစ်ခုမှာ လူသားနဲ့ ချင်ပန်ဇီ မျောက်တို့ကို မျိုးစပ်ပြီး “ဟျူးမန်းဇီ”လို့ ခေါ်တဲ့ လူသား-ချင်ပန်ဇီကို မွေးဖွားနိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်ရှားတဲ့ ဇီဝစိတ်ပညာရှင် ဂေါ်ဒန် ဂေါလပ်က ပြောပါတယ်။
သူ့ဆရာ ပါမောက္ခက သူအလုပ်လုပ်ခဲ့ဖူးတဲ့ သုတေသန ဓာတ်ခွဲခန်းမှာ လူသား-ချင်ပန်ဇီကို မွေးဖွားနိုင်ခဲ့ဖူးတယ်လို့ ပြောဖူးကြောင်း အယ်လ်ဘာနီ တက္ကသိုလ်က ပါမောက္ခ ဂေါလပ်က ဆိုပါတယ်။ လူယောကျာ်းရဲ့ သုတ်ပိုးကို ချင်ပန်ဇီ အမဆီမှာထည့်ပြီး မျိုးစပ်ကြည့်ရာမှာ ကိုယ်ဝန်ရလာရုံသာမက ကိုယ်ဝန်နေ့စေ့လစေ့ဆောင်ပြီး လူသား-ချင်ပန်ဇီကို မွေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် သီတင်းပတ်အနည်းငယ် အကြာမှာ ဒီလိုလုပ်တာဟာ ကိုယ်ကျင့်တရားအရရော၊ ကျင့်ဝတ်အရပါ ထည့်သွင်းစဉ်းစားမိကြပြီးနောက် မွေးလာတဲ့ လူသား-ချင်ပန်ဇီကို သတ်လိုက်ကြတယ်လို့ ဂေါလပ်က ပြောပါတယ်။ ၁၉၂၀ ဝန်းကျင်မှာ ရုရှား ဇီဝဗေဒပညာရှင် အီလျာ အီဗာနော့ဗ်က ဆိုဗီယက် ဆူပါ စစ်သားအဖြစ် သုံးဖို့ လူသားသုတ်ပိုးနဲ့ ချင်ပန်ဇီ အမတို့ကို မျိုးစပ်ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)