
0
606





<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားအလုပ်သမားတွေကို အတင်းကြပ်ခိုင်းတဲ့အမှုအတွက် ဂျပန်ကုမ္ပဏီကို လျှော်ကြေးပေးဖို့ အမိန့်ချ

တောင်ကိုရီးယား တရားရုံးချုပ်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ကုန်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကို တောင်ကိုရီးယား အလုပ်သမားဟောင်းတွေကို တစ်ဦးကို အမေရိကန် ဒေါ်လာ ၁၃၀ဝ၀ဝ စီ လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။

အလုပ်သမားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းရဲ့ စက်ရုံတွေမှာ အဓမ္မ အလုပ်စေခိုင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဟီရိုရှီးမားစက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ ကိုရီးယားအလုပ်သမားဟောင်း ၅ ဦးက သူတို့တွေဟာ ၁၉၄၅ ခုနှစ်က အဏုမြူဗုံးဒဏ်ခံ ရပြီးတဲ့နောက် အဲဒီကုမ္ပဏီကနေ ဘယ်လို ဆေးဝါးကုသမှု အကူအညီမျိုးကိုမှ မရခဲ့ဘူး လို့လည်း စွပ်စွဲခဲ့ပါတယ်။

အဲဒီအမှုကို သူတို့ တရားစွဲဆိုခဲ့တာ ဆယ်စုနှစ် ၂ ခုနီးပါးရှိပြီး အလုပ်သမားတွေဟာ အားလုံးကွယ်လွန်ခဲ့ ပေမယ့် မိသားစုတွေက လျော်ကြေးငွေရဖို့ ဆက်ကြိုးပမ်းနေချိန်မှာ တောင်ကိုရီးယားတရားရုံးချုပ်က လျှော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)