မင်းသား ဂျက်ကီချန်းကို BAFTA အဖွဲ့က ဆုချီးမြှင့်

0
67

ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်းကို ဗြိတိန် ရုပ်ရှင်အကယ်ဒမီနဲ့ ရုပ်သံဇာတ်လမ်းတွဲ အနုပညာများအဖွဲ့ (BAFTA) က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။ 

အနုပညာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီခဲ့တဲ့အတွက် ဂျက်ကီချန်းကို ဆုချီးမြှင့်ခဲ့တာဖြစ်ကြောင်း BAFTA က သတင်းထုတ်ပြန်ထားပါတယ်။ ဆုရယူနိုင်အောင် သူအပေါ် အားပေးတဲ့ ကမ္ဘာတဝှမ်းက ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း မင်းသားကြီး ဂျက်ကီချန်းက ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ 

ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၉ နှစ်ကြာ ရှင်သန်ရပ်တည်ချိန်အတွင်း ဂျက်ကီချန်းဟာ မင်းသား အဖြစ်သာမက ကလေးသရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ထုတ်လုပ်သူ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ ရုပ်ရှင်လောအတွင်း နှစ်ပေါင်းများစွာကြာ ရှင်သန်ခဲ့ရမှုအပေါ် ပျော်ရွှင်ကျေနပ်ကြောင်း၊ ရုပ်ရှင်လောကအတွင်း တတ်စွမ်းသမျှ အရာရာတိုင်းကို လုပ်ကိုင်ပေးခဲ့ကြောင်း အသက် ၆၅ နှစ်အရွယ်ရှိ မင်းသားကြီး ဂျက်ကီချန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)