ေက်ာင္းသားေတြကို အဓမၼ အလုပ္ခိုင္းေစမႈ တ႐ုတ္စက္႐ံုကို Apple စစ္ေဆးေန

0
583

နာမည္ေက်ာ္ Apple နာရီေတြ ထုတ္လုပ္ဖို႔ ေက်ာင္းသားေတြကို စက္႐ုပ္ေတြလို အဓမၼ ခိုင္းေစခဲ့တယ္လို႔ အလုပ္သမား အခြင့္အေရးအဖြဲ႔က ေျပာၿပီးေနာက္ တ႐ုတ္ အေနာက္ေတာင္ပိုင္းရွိ စက္႐ံုတစ္႐ံုကို Apple ကုမၸဏီက စံုစမ္းစစ္ေဆးေနပါတယ္။

သက္ေမြးဝမ္းေက်ာင္း ဒီဂရီလက္မွတ္ရဖို႔ ေက်ာင္းသားေတြဟာ ညဘက္ေတြမွာပါ အလုပ္ဆင္းခဲ့ရတယ္လို႔ ေဟာင္ေကာင္ အေျခစိုက္ မသင့္ေလ်ာ္ေသာ အျပဳအမူမ်ား ဆန္႔က်င္ေရး ေက်ာင္းသားမ်ားႏွင့္ ပညာရွင္မ်ား အဖြဲ႔ (SACOM) က ထုတ္ေဖာ္ ေျပာဆိုတာ ျဖစ္ပါတယ္။ SACOM က ခ်ံဳကင္းမွာ ေႏြရာသီ လက္ေတြ႔ ဆင္းခဲ့တဲ့ ေက်ာင္းသား ၂၈ ဦးကို ေတြ႔ဆံုေမးျမန္းခဲ့တာ ျဖစ္ၿပီး သူတို႔ဟာ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ခဲ့တာ မဟုတ္ဘူးလို႔ ေက်ာင္းသားေတြက ေျပာပါတယ္။

သူတို႔ကို လက္ေတြ႔ဆင္းရမယ္လို႔ လိမ္လည္ၿပီး ခိုင္းေစခဲ့တာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံတလႊားမွာ စက္႐ံုေတြဟာ သက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္သားရွားပါးမႈကို အခုလို ေျဖရွင္းေနတာေတြ ရွိတယ္လို႔ SACOM က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းသားတွေကို အဓမ္မ အလုပ်ခိုင်းစေမှု တရုတ်စက်ရုံကို Apple စစ်ဆေးနေ

နာမည်ကျော် Apple နာရီတွေ ထုတ်လုပ်ဖို့ ကျောင်းသားတွေကို စက်ရုပ်တွေလို အဓမ္မ ခိုင်းစေခဲ့တယ်လို့ အလုပ်သမား အခွင့်အရေးအဖွဲ့က ပြောပြီးနောက် တရုတ် အနောက်တောင်ပိုင်းရှိ စက်ရုံတစ်ရုံကို Apple ကုမ္ပဏီက စုံစမ်းစစ်ဆေးနေပါတယ်။

သက်မွေးဝမ်းကျောင်း ဒီဂရီလက်မှတ်ရဖို့ ကျောင်းသားတွေဟာ ညဘက်တွေမှာပါ အလုပ်ဆင်းခဲ့ရတယ်လို့ ဟောင်ကောင် အခြေစိုက် မသင့်လျော်သော အပြုအမူများ ဆန့်ကျင်ရေး ကျောင်းသားများနှင့် ပညာရှင်များ အဖွဲ့ (SACOM) က ထုတ်ဖော် ပြောဆိုတာ ဖြစ်ပါတယ်။ SACOM က ချုံကင်းမှာ နွေရာသီ လက်တွေ့ ဆင်းခဲ့တဲ့ ကျောင်းသား ၂၈ ဦးကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပြီး သူတို့ဟာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

သူတို့ကို လက်တွေ့ဆင်းရမယ်လို့ လိမ်လည်ပြီး ခိုင်းစေခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံတလွှားမှာ စက်ရုံတွေဟာ သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်သားရှားပါးမှုကို အခုလို ဖြေရှင်းနေတာတွေ ရှိတယ်လို့ SACOM က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)