ဂ်ဴးဘုရားေက်ာင္းကို ပစ္ခတ္တုိက္ခုိက္သူ ေသနတ္ ၄ လက္နဲ႔ တိုက္ခုိက္ခဲ့

0
170

အေမရိကန္နိုင္ငံ၊ ပင္ဆယ္လ္ေဗးနီးယား ျပည္နယ္၊ ပစၥဘာ့ဂ္ၿမိဳ႕က ဂ်ဴးဘုရားေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္သတ္ျဖတ္မႈကို က်ဴးလြန္သူဟာ ေသနတ္ ၄ လက္ ကိုင္ေဆာင္ခဲ့ၿပီး ဘုရားေက်ာင္းထဲက အခန္း ၃ ခန္းကို လွည့္လည္ ပစ္ခတ္ခဲ့တယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။

ဂ်ဴးဘုရားေက်ာင္းမွာ ဝတ္ျပဳဆုေတာင္းေနၾကစဥ္ ရမ္းကားပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး လူ ၁၁ ဦး ေသဆုံးကာ ရဲအရာရွိေတြ အပါအဝင္ လူ ၆ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ ပစ္ခတ္သတ္ျဖတ္မႈကို က်ဴးလြန္သူအျဖစ္ သံသယရွိသူ ေရာဘတ္ ဘိုးဝါးဟာ ပစၥဘာ့ဂ္ၿမိဳ႕မွာ ေနထိုင္တဲ့ လူျဖဴအမ်ိဳးသားတစ္ဦး ျဖစ္ၿပီး လူသတ္မႈအပါအဝင္ တျခား ရာဇဝတ္မႈေတြကို က်ဴးလြန္သူအျဖစ္ စြဲခ်က္တင္ထားပါတယ္။

AR-15 ႐ိုင္ဖယ္ေသနတ္ တစ္လက္နဲ႔ ေျပာင္းတိုေသနတ္ ၃ လက္ကို ကိုင္ေဆာင္ထားခဲ့ၿပီး မိနစ္ ၂၀ ေလာက္အတြင္း ဂ်ဴးဘုရားေက်ာင္းထဲက အခန္း ၃ ခန္းကို လွည့္လည္ ပစ္ခတ္ခဲ့တယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျူးဘုရားကျောင်းကို ပစ်ခတ်တိုက်ခိုက်သူ သေနတ် ၄ လက်နဲ့ တိုက်ခိုက်ခဲ့

အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်၊ ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်သူဟာ သေနတ် ၄ လက် ကိုင်ဆောင်ခဲ့ပြီး ဘုရားကျောင်းထဲက အခန်း ၃ ခန်းကို လှည့်လည် ပစ်ခတ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဂျူးဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေကြစဉ် ရမ်းကားပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးကာ ရဲအရာရှိတွေ အပါအဝင် လူ ၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်သူအဖြစ် သံသယရှိသူ ရောဘတ် ဘိုးဝါးဟာ ပစ္စဘာ့ဂ်မြို့မှာ နေထိုင်တဲ့ လူဖြူအမျိုးသားတစ်ဦး ဖြစ်ပြီး လူသတ်မှု အပါအဝင် တခြား ရာဇဝတ်မှုတွေကို ကျူးလွန်သူအဖြစ် စွဲချက်တင်ထားပါတယ်။

AR-15 ရိုင်ဖယ်သေနတ် တစ်လက်နဲ့ ပြောင်းတိုသေနတ် ၃ လက်ကို ကိုင်ဆောင်ထားခဲ့ပြီး မိနစ် ၂၀ လောက်အတွင်း ဂျူးဘုရားကျောင်းထဲက အခန်း ၃ ခန်းကို လှည့်လည် ပစ်ခတ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)