ရဟတ္ယာဥ္ပ်က္က်ခဲ့တဲ့ေနရာကို လက္စတာ အသင္းပိုင္ရွင္ ဇနီးနဲ႔သားတုိ႔ ေရာက္ရွိ

0
1086

လက္စတာ အသင္းပိုင္ရွင္ ဗီခ်ိဳင္းရဲ႕ ဇနီးနဲ႔သားတုိ႔ဟာ မေန႔က ေအာက္တုိဘာလ ၂၉ ရက္ေန႔မွာ လက္စတာအသင္း ကြင္းကို ေရာက္ရွိလာခဲ့ပါတယ္။

ထိုင္း စီးပြားေရးလုပ္ငန္းရွင္ ဘီလ်ံနာသူေဌး ဗီခ်ိဳင္းဟာ ေအာက္တုိဘာလ ၂၇ ရက္ေန႔က တျခားသူ ၄ ဦးနဲ႔အတူ ရဟတ္ယာဥ္ပ်က္က်ကာ ေသဆံုးသြားခဲ့ၿပီးေနာက္ ကမာ႔ၻေဘာလံုး အသိုင္းအဝိုင္းက ဝမ္းနည္းေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႔က ရဟတ္ယာဥ္ ပ်က္က်မႈနဲ႔ ပတ္သက္လုိ႔ စံုစမ္းစစ္ေဆးေနၿပီး ရဟတ္ယာဥ္ပ်က္က်တဲ့ေနရာက အခ်က္လက္ မွတ္တမ္းကို ရွာေဖြရရွိခဲ့ပါတယ္။ လက္စတာ အသင္းပိုင္ရွင္ ေသဆံုးမႈကို ဝမ္းနည္းမႈအျဖစ္ အသင္းကြင္းျပင္မွာ ပရိသတ္ေတြက ပန္းစည္းေတြခ်ကာ ဆုေတာင္းခဲ့ပါတယ္။

ၿဗိတိန္ေတာ္ဝင္မင္းသား ဝီလ်ံကလည္း မစၥတာ ဗီခ်ဳိင္းဟာ ကမာၻ႔ေဘာလံုးေလာကအတြက္ အကူညီေတြ မ်ားစြာေပးခဲ့သူျဖစ္ၿပီး အားကစားေလာကမွ ပရိသတ္ေတြက ဗီခ်ိဳင္းကို အၿမဲသတိရေနမယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာကို လက်စတာ အသင်းပိုင်ရှင် ဇနီးနဲ့သားတို့ ရောက်ရှိ

လက်စတာ အသင်းပိုင်ရှင် ဗီချိုင်းရဲ့ ဇနီးနဲ့သားတို့ဟာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့မှာ လက်စတာအသင်း ကွင်းကို ရောက်ရှိလာခဲ့ပါတယ်။

ထိုင်း စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာသူဌေး ဗီချိုင်းဟာ အောက်တိုဘာလ ၂၇ ရက်နေ့က တခြားသူ ၄ ဦးနဲ့အတူ ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ပြီးနောက် ကမာ့္ဘဘောလုံး အသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ရဟတ်ယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး ရဟတ်ယာဉ်ပျက်ကျတဲ့နေရာက အချက်လက် မှတ်တမ်းကို ရှာဖွေရရှိခဲ့ပါတယ်။ လက်စတာ အသင်းပိုင်ရှင် သေဆုံးမှုကို ဝမ်းနည်းမှုအဖြစ် အသင်းကွင်းပြင်မှာ ပရိသတ်တွေက ပန်းစည်းတွေချကာ ဆုတောင်းခဲ့ပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဝီလျံကလည်း မစ္စတာ ဗီချိုင်းဟာ ကမ္ဘာ့ဘောလုံးလောကအတွက် အကူညီတွေ များစွာပေးခဲ့သူဖြစ်ပြီး အားကစားလောကမှ ပရိသတ်တွေက ဗီချိုင်းကို အမြဲသတိရနေမယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)