
0
158




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တည်ငြိမ်ရေး သဘောတူညီချက်အတွက် အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း ရုရှားပြော

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ရုရှားဟာ တည်ငြိမ်ရေးဆိုင်ရာ ဗျုဟာမြောက် သဘောတူညီချက်သစ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

တာလတ်ပစ် နျူကလီးယား လက်နက်အင်အားဆိုင်ရာ သဘောတူစာချုပ် (INF) ကနေ နုတ်ထွက်ဖို့ အစီအစဉ်ရှိတယ်လို့ အမေရိကန်က ကြေညာခဲ့ပြီးနောက် ရုရှားဘက်က အခုလို ပြောခဲ့တာပါ။

အဲဒီ ဆွေးနွေးမှုဟာ တည်ငြိမ်ရေးဆိုင်ရာ ဗျူဟာမြောက် ဆွေးနွေးမှုအတွက် သဘောတူညီချက်တွေ ပြန်လည်ရရှိဖို့ လိုအပ်တယ်ဆိုတဲ့ နားလည်မှု ရမယ်ဆိုရင် အပြုသဘောဆောင်မှာ ဖြစ်မယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)