ပ်က္က်ခဲ့တဲ့ အင္ဒိုနီးရွား ေလယာဥ္နဲ႔ အပ်က္စီးေတြကို အရွိန္ျမွင့္ရွာေဖြ

0
998

လူ ၁၈၉ ေရာက္ ဦးလိုက္ပါသြားတဲ့ ေလယာဥ္ပ်က္က်မႈနဲ႔ ပတ္သက္ၿပီး အင္ဒိုနီးရွားႏိုင္ငံ ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရး ေအဂ်င္စီအႀကီးအကဲ မိုဟာမက္ ေရွာက္ဂီက သူ႔ေအဂ်င္စီအေနနဲ႔ အပ်က္အစီးေတြနဲ႔ ေလယာဥ္ Black box ျပန္ရဖို႔ အစြမ္းကုန္ ရွာေဖြမႈေတြ လုပ္ေနတယ္လို႔ ေျပာပါတယ္။

ကယ္ဆယ္ေရး ဝန္ထမ္းေတြက ေလယာဥ္အစိတ္အပိုင္းေတြနဲ႔ ခရီးသည္ေတြ ပိုင္ဆိုင္တယ္လို႔ ယူဆရတဲ့ မွတ္ပံုတင္ကတ္တခ်ိဳ႕ကို ရွာေတြ႕ခဲ့တယ္လို႔ မစၥတာ ေရွာက္ဂီက ေျပာပါတယ္။ ကယ္ဆယ္ေရး ဝန္ထမ္းေတြဟာ အခုအခ်ိန္အထိ ေရငုပ္သမား ၃၀ နဲ႔ ေရေအာက္ထဲမွာ ေလယာဥ္ကိုယ္ထည္ကို ရွာေဖြဖို႔ အာ႐ုံစိုက္ လုပ္ေဆာင္ေနၾကပါတယ္။

သူတို႔ေတြဟာ ေရေအာက္ရွာေဖြေရး ကိရိယာ တပ္ဆင္ထားတဲ့ သေဘၤာတစ္စီးကိုလည္း ေစလႊတ္ထားပါတယ္။ လူေပါင္း ၁၈၉ ဦး လုိက္ပါခဲ့တဲ့ အင္ဒိုနီးရွား Lion Air ခရီးသည္တင္ ေလယာဥ္ဟာ မေန႔က ေအာက္တုိဘာ ၂၉ ရက္ မနက္ပိုင္းက ဂ်ာဗားကၽြန္း ကမ္းလြန္ပင္လယ္ထဲကို ပ်က္က်သြားခဲ့ပါတယ္။ အသက္ရွင္က်န္သူ ရွိတဲ့လကၡဏာ အခုထိ မေတြ႔ရေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှား လေယာဉ်နဲ့ အပျက်စီးတွေကို အရှိန်မြှင့်ရှာဖွေ

လူ ၁၈၉ ရောက် ဦးလိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ မိုဟာမက် ရှောက်ဂီက သူ့အေဂျင်စီ အနေနဲ့ အပျက်အစီးတွေနဲ့ လေယာဉ် Black box ပြန်ရဖို့ အစွမ်းကုန် ရှာဖွေမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေက လေယာဉ်အစိတ်အပိုင်းတွေနဲ့ ခရီးသည်တွေ ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ မှတ်ပုံတင်ကတ်တချို့ကို ရှာတွေ့ခဲ့တယ်လို့ မစ္စတာ ရှောက်ဂီက ပြောပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အခုအချိန်အထိ ရေငုပ်သမား ၃၀ နဲ့ ရေအောက်ထဲမှာ လေယာဉ်ကိုယ်ထည်ကို ရှာဖွေဖို့ အာရုံစိုက် လုပ်ဆောင်နေကြပါတယ်။

သူတို့တွေဟာ ရေအောက်ရှာဖွေရေး ကိရိယာ တပ်ဆင်ထားတဲ့ သင်္ဘောတစ်စီးကိုလည်း စေလွှတ်ထားပါတယ်။ လူပေါင်း ၁၈၉ ဦး လိုက်ပါခဲ့တဲ့ အင်ဒိုနီးရှား Lion Air ခရီးသည်တင် လေယာဉ်ဟာ မနေ့က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက ဂျာဗားကျွန်း ကမ်းလွန်ပင်လယ်ထဲကို ပျက်ကျသွားခဲ့ပါတယ်။ အသက်ရှင်ကျန်သူ ရှိတဲ့လက္ခဏာ အခုထိ မတွေ့ရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)