0
353
IS အကြမ်းဖက်တွေက လေးနှစ်သားအရွယ် ဗြိတိန်မင်းသား ဂျော့ခ်ျကို ခြိမ်းခြောက်ကြောင်း ဗြိတိန်မီဒီယာတွေက မနေ့က                      အောက်တိုဘာ ၂၉ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။
Telegram မက်ဆေ့ခ်ျ အပလီကေးရှင်းကို အသုံးပြုကာ ကျောင်းနေအရွယ် မရောက်သေးတဲ့ ကလေးငယ်ရဲ့ ဓာတ်ပုံ တစ်ပုံကို ဖော်ပြပြီး “တော်ဝင်မိသားစုပင် ဖြစ်လင့်ကစား ချန်ထားမှာ မဟုတ်ဘူး”  ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
ဗြိတိန်တော်ဝင်မျိုးနွယ်တွေကို IS က ခြိမ်းခြောက်တာမှာ ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့လကလည်း IS စစ်သွေးကြွတစ်ဦးဟာ စင်ကာပူကနေ “ယောက်ျားမှန်ရင် ငါတို့နဲ့ လာတိုက်ခိုက်လှည့်ပါ” ဆိုပြီး မင်းသားဟယ်ရီကို ခြိမ်းခြောက်ခဲ့တာ ရှိပါသေးတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
IS အကြမ်းဖက်အဖွဲ့ ဗြိတိန်တော်ဝင်မိသားစုကို ခြိမ်းခြောက်
IS အကြမ်းဖက်တွေက လေးနှစ်သားအရွယ် ဗြိတိန်မင်းသား ဂျော့ချ်ကို ခြိမ်းခြောက်ကြောင်း ဗြိတိန်မီဒီယာတွေက မနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။
Telegram မက်ဆေ့ချ် အပလီကေးရှင်းကို အသုံးပြုကာ ကျောင်းနေအရွယ် မရောက်သေးတဲ့ ကလေးငယ်ရဲ့ ဓာတ်ပုံ တစ်ပုံကို ဖော်ပြပြီး “တော်ဝင်မိသားစုပင် ဖြစ်လင့်ကစား ချန်ထားမှာ မဟုတ်ဘူး” ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
တခြား ခြိမ်းခြောက်မှုတစ်ခုကိုလည်း ဒေးလီးစတားမဂ္ဂဇင်းက ဖော်ပြခဲ့ပါသေးတယ်။ သတင်းမှာတော့ မက်ဆေ့ချ်ဟာ အာရပ်ဘာသာစကားနဲ့ ပို့ထားတာဖြစ်ပြီး “စစ်ပွဲတွေဖြစ်လာရင် သေနတ်သံတွေ ကြားရတဲ့အခါ မယုံကြည်သူတွေကို သုတ်သင်ရှင်းလင်းရမယ်လို့ အဓိပ္ဗာယ်ရကြောင်း ဖော်ပြထားပါတယ်။
ဗြိတိန်တော်ဝင်မျိုးနွယ်တွေကို IS က ခြိမ်းခြောက်တာမှာ ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့လကလည်း IS စစ်သွေးကြွတစ်ဦးဟာ စင်ကာပူကနေ “ယောကျာ်းမှန်ရင် ငါတို့နဲ့ လာတိုက်ခိုက်လှည့်ပါ” ဆိုပြီး မင်းသားဟယ်ရီကို ခြိမ်းခြောက်ခဲ့တာ ရှိပါသေးတယ်။ ၂၀၁၅ တုန်းကလည်း ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် ၇၀ ပြည့်အခမ်းအနားမှာလည်း ဘုရင်မကြီးကို ခြိမ်းခြောက်တဲ့စာတွေ ပို့ခဲ့ပါသေတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)