
0
320





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နီပေါခရီးသည်တင်ကား မြစ်ထဲကျ ၃၁ ဦးသေ

ဟိန္ဒူပွဲတော်တစ်ခုကနေ အောက်တိုဘာ ၂၈ ရက်နေ့က နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူဆီကို ပြန်လာတဲ့ ခရီးသည်ကားတစ်စီးဟာ မြစ်အတွင်းကိုပြုတ်ကျခဲ့လို့ အနည်းဆုံး ၃၁ ဦးသေဆုံးခဲ့ပါတယ်။

Kathmandu နဲ့ Prithvi မြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာမတော်မဆမှုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ရေထဲကနေ သေဆုံးသူ ၃၁ ဦးရဲ့အလောင်းတွေကို ဆယ်ယူထားပြီ ဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူ ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

နီပေါနိုင်ငံရဲ့ တောင်ထူထပ်တဲ့ လမ်းတွေမှာ အခုလို ကားမတော်တဆမှုတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်း ၁၈၀ဝ လောက်သေဆုံးနေရတယ်လို့ ရဲအရာရှိတစ်ခုက ပြောပါတယ်။အဲ့ဒါအပြင် မြစ်ထဲကျသွားတဲ့ ကားအတွင်းမှာ ပိတ်မိသေဆုံးနေတဲ့ လူ ၁၃ ဦးလောက်ရှိနေဦးမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)