စိတ္ဖိစီးမႈ အနည္းဆံုးၿမိဳ႕မွာ ဆစ္ဒနီ ျဖစ္

0
226

ၾသေၾတးလ် အႀကီးဆံုးၿမိဳ႕ႀကီးျဖစ္တဲ့ ဆစ္ဒနီၿမိဳ႕ဟာ အာရွမွာ စိတ္ဖိစီးမႈ အနည္းဆံုး ၿမိဳ႕ျဖစ္တယ္လို႔ ကမာၻ႔ အဆင့္သတ္မွတ္ခ်က္           စစ္တမ္းတစ္ခုက ေဖာ္ျပပါတယ္။

အြန္လိုင္း စစ္တမ္းေကာက္ခံေရး အဖြဲ႔ ဇစ္ပ္ဂ်က္က ကမာၻေပၚရွိ ၿမိဳ႕ႀကီးေပါင္း ၁၅၀ ကို ေလ့လာၿပီး “ကမာၻ႔ စိတ္ဖိစီးမႈ အနည္းဆံုးႏွင့္ အမ်ားဆံုး ၿမိဳ႕ႀကီးမ်ား အဆင့္သတ္မွတ္ခ်က္ ၂၀၁၇” ကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္စဥ္ ေနေရာင္ျခည္ရရွိမႈ နာရီႏႈန္း၊ လူဦးေရ ထူထပ္မႈ၊ စိမ္းလန္းဧရိယာ တည္ရွိမႈ၊ ယာဥ္ေၾကာပိတ္ဆို႔မႈနဲ႔ ေလထုညစ္ညမ္းမႈ၊ အလုပ္လက္မဲ့ႏႈန္း လူမႈလံုၿခံဳေရး၊ လူမ်ိဳးေရး ညီမွ်မႈ၊ က်န္းမာေရးတို႔အေပၚ မူတည္ၿပီး အဆင့္အတန္း သတ္မွတ္တာ ျဖစ္ပါတယ္။

အာရွမွာ ဖိစီးမႈ အနည္းဆံုး ၿမိဳ႕ေတြကို ေဖာ္ျပရာမွာ စင္ကာပူကို ဒုတိယ လိုက္တယ္လို႔ ေဖာ္ျပထားပါတယ္။ ၿပီးေတာ့ တိုင္ေပ၊ အိုဆာကာ၊ ဘန္ဒါ ဆရီ ဘဂဝမ္၊ တိုက်ိဳဆိုၿပီး ေဖာ္ျပပါတယ္။ စိတ္ဖိစီးမႈ အမ်ားဆံုး ၿမိဳ႕ေတြကေတာ့ ဒါကာ၊ ကရာခ်ိ၊ နယူးေဒလီ၊ မနီလာနဲ႔ မြမ္ဘိုင္းတို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စိတ်ဖိစီးမှု အနည်းဆုံးမြို့မှာ ဆစ်ဒနီ ဖြစ်

သြတြေးလျ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ ဆစ်ဒနီမြို့ဟာ အာရှမှာ စိတ်ဖိစီးမှု အနည်းဆုံး မြို့ဖြစ်တယ်လို့ ကမ္ဘာ့ အဆင့်သတ်မှတ်ချက် စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

အွန်လိုင်း စစ်တမ်းကောက်ခံရေး အဖွဲ့ ဇစ်ပ်ဂျက်က ကမ္ဘာပေါ်ရှိ မြို့ကြီးပေါင်း ၁၅၀ ကို လေ့လာပြီး “ကမ္ဘာ့ စိတ်ဖိစီးမှု အနည်းဆုံးနှင့် အများဆုံး မြို့ကြီးများ အဆင့်သတ်မှတ်ချက် ၂၀၁၇” ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် နေရောင်ခြည်ရရှိမှု နာရီနှုန်း၊ လူဦးရေ ထူထပ်မှု၊ စိမ်းလန်းဧရိယာ တည်ရှိမှု၊ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှု၊ အလုပ်လက်မဲ့နှုန်း လူမှုလုံခြုံရေး၊ လူမျိုးရေး ညီမျှမှု၊ ကျန်းမာရေးတို့အပေါ် မူတည်ပြီး အဆင့်အတန်း သတ်မှတ်တာ ဖြစ်ပါတယ်။

အာရှမှာ ဖိစီးမှု အနည်းဆုံး မြို့တွေကို ဖော်ပြရာမှာ စင်ကာပူကို ဒုတိယ လိုက်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ တိုင်ပေ၊ အိုဆာကာ၊ ဘန်ဒါ ဆရီ ဘဂဝမ်၊ တိုကျိုဆိုပြီး ဖော်ပြပါတယ်။ စိတ်ဖိစီးမှု အများဆုံး မြို့တွေကတော့ ဒါကာ၊ ကရာချိ၊ နယူးဒေလီ၊ မနီလာနဲ့ မွမ်ဘိုင်းတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)