မိုဂါဒစ္ရွဳးျမိဳ႔က ေဟာ္တယ္ကို အယ္လ္ရွာဘတ္စစ္ေသြးၾကြေတြ ၀င္စီး၊ ၂၉ ဦးေသ

0
288

ဆိုမာလီယာႏိုင္ငံျမိဳ႔ေတာ္ မိုဂါဒစ္ရွဴး ျမိဳ႔မွာ မေန႔ ေအာက္တုိဘာ ၂၉ ရက္ေန႔က ကားဗံုးေဖာက္ခြဲ တုိက္ခုိက္ ခံရလုိ႔ ေသဆံုးသူ အနည္းဆံုး ၂၉ ဦးအထိ ရွိခဲ့ပါတယ္။

ျမိဳ႔အတြင္းက ေဟာ္တယ္တစ္ခုအနီးမွာ အရင္ဆံုး ကားဗံုးေဖာက္ခြဲတုိက္ခုိက္ျပီးေနာက္ ေသနတ္ သမား ေတြက အဲ့ဒီေဟာ္တယ္ကို ၀င္စီးနင္းခဲ့တာျဖစ္ပါတယ္။အဲ့ဒီေဟာ္တယ္ဟာ သမၼတရဲ႔ နန္း ေတာ္နဲ႔  အနီးကပ္ဆံုးရွိေနတာျဖစ္ၿပီး ေသဆံုးခဲ့သူေတြထဲမွာ ရဲအရာရွိ ၁၂ ဦးပါ၀င္ခဲ့ပါတယ္။

အခုတိုက္ခုိက္မႈဟာ အယ္လ္ရွာဘတ္ စစ္ေသြးၾကြေတြရဲ့ လက္ခ်က္ျဖစ္ၿပီး ကုလ ေက်ာေထာက္ ေနာက္ခံျပဳထားတဲ့ အားနည္းေနတဲ့ ဆိုမာလီယာအစိုးရကို ျဖဳတ္ခ်ဖို႔အလိုရွိေနတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ၂ ပတ္တုန္းကလည္း မိုဂါဒစ္ရွဴးျမိဳ႔မွာပဲ ဗံုး ၂ လံုးေဖာက္ခြဲခဲ့လုိ႔ လူေပါင္း ၃၅၈ ဦးေသဆံုးခဲ့ကာ ႏိုင္ငံရဲ့ သမုိင္းမွာ အဆိုး၀ါးဆံုးတိုက္ခုိက္ခံရမႈျဖစ္ေစခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုဂါဒစ်ရှုးမြို့က ဟော်တယ်ကို အယ်လ်ရှာဘတ်စစ်သွေးကြွတွေ ဝင်စီး၊ ၂၉ ဦးသေ

ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှူး မြို့မှာ မနေ့ အောက်တိုဘာ ၂၉ ရက်နေ့က ကားဗုံးဖောက်ခွဲ တိုက်ခိုက် ခံရလို့ သေဆုံးသူ အနည်းဆုံး ၂၉ ဦးအထိ ရှိခဲ့ပါတယ်။

မြို့အတွင်းက ဟော်တယ်တစ်ခုအနီးမှာ အရင်ဆုံး ကားဗုံးဖောက်ခွဲတိုက်ခိုက်ပြီးနောက် သေနတ် သမား တွေက အဲ့ဒီဟော်တယ်ကို ဝင်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီဟော်တယ်ဟာ သမ္မတရဲ့ နန်း တော်နဲ့ အနီးကပ်ဆုံးရှိနေတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲမှာ ရဲအရာရှိ ၁၂ ဦးပါဝင်ခဲ့ပါတယ်။

အခုတိုက်ခိုက်မှုဟာ အယ်လ်ရှာဘတ် စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်ပြီး ကုလ ကျောထောက် နောက်ခံပြုထားတဲ့ အားနည်းနေတဲ့ ဆိုမာလီယာအစိုးရကို ဖြုတ်ချဖို့အလိုရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်တုန်းကလည်း မိုဂါဒစ်ရှူးမြို့မှာပဲ ဗုံး ၂ လုံးဖောက်ခွဲခဲ့လို့ လူပေါင်း ၃၅၈ ဦးသေဆုံးခဲ့ကာ နိုင်ငံရဲ့ သမိုင်းမှာ အဆိုးဝါးဆုံးတိုက်ခိုက်ခံရမှုဖြစ်စေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)