ေဆာ္ဒီ အမ်ိဳးသမီးေတြကို အားကစား႐ံုမွာ လာၾကည့္ခြင့္ ျပဳေတာ့မယ္

0
275

 

အားကစား႐ံုေတြမွာ အမ်ိဳးသမီးေတြ လာေရာက္ၾကည့္႐ႈခြင့္ ပိတ္ပင္ထားတာကို ပယ္ဖ်က္ဖို႔ ေဆာ္ဒီအာေရဗ် အစိုးရက                            စတင္လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ အေစာပိုင္းမွာ အဓိက ၿမိဳ႕ႀကီး သံုးၿမိဳ႕ရွိ အားကစား႐ံု သံုးခုက ၿပိဳင္ပြဲေတြကို အမ်ိဳးသမီးေတြ လာေရာက္ၾကည့္႐ႈခြင့္ျပဳဖို႔ စီစဥ္ေနတယ္လို႔ ေဆာဒီအာေရဗ် အေထြေထြ အားကစား အာဏာပိုင္အဖြဲ႔က ေျပာပါတယ္။

အမ်ိဳးသားမ်ားသာ ဝင္ေရာက္ၾကည့္႐ႈခြင့္ျပဳတဲ့ ရီယာ့ဒ္ၿမိဳ႕ရွိ ကင္း ဖာ့ဒ္ အားကစား႐ံု၊ ဂ်ဒက္ၿမိဳ႕ရွိ ကင္း အဗၺဒူလာက စေပါ့ စီးတီးနဲ႔             ဒမ္မန္းၿမိဳ႕မွာ ရွိတဲ့ ပရင့္စ္ မိုဟာမက္ ဘင္ ဖာ့ဒ္ အားကစား႐ံုေတြမွာ မိသားစုလိုက္ ၾကည့္႐ႈခြင့္ျပဳဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

အမ်ိဳးသား၊ အမ်ိဳးသီးေတြ ေနရာခြဲၿပီး ခ်ထားေလ့ ထံုးစံရွိတဲ့ ေဆာ္ဒီအာေရဗ်မွာ အားကစား႐ံုထဲ ဘယ္လို ထိုင္ခံုေနရာခ်ထားေပးမယ္ ဆိုတာေတာ့ မသိရေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီ အမျိုးသမီးတွေကို အားကစားရုံမှာ လာကြည့်ခွင့် ပြုတော့မယ်

အားကစားရုံတွေမှာ အမျိုးသမီးတွေ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားတာကို ပယ်ဖျက်ဖို့ ဆော်ဒီအာရေဗျ အစိုးရက စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အစောပိုင်းမှာ အဓိက မြို့ကြီး သုံးမြို့ရှိ အားကစားရုံ သုံးခုက ပြိုင်ပွဲတွေကို အမျိုးသမီးတွေ လာရောက်ကြည့်ရှုခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ဆောဒီအာရေဗျ အထွေထွေ အားကစား အာဏာပိုင်အဖွဲ့က ပြောပါတယ်။

အမျိုးသားများသာ ဝင်ရောက်ကြည့်ရှုခွင့်ပြုတဲ့ ရီယာ့ဒ်မြို့ရှိ ကင်း ဖာ့ဒ် အားကစားရုံ၊ ဂျဒက်မြို့ရှိ ကင်း အဗ္ဗဒူလာက စပေါ့ စီးတီးနဲ့ ဒမ်မန်းမြို့မှာ ရှိတဲ့ ပရင့်စ် မိုဟာမက် ဘင် ဖာ့ဒ် အားကစားရုံတွေမှာ မိသားစုလိုက် ကြည့်ရှုခွင့်ပြုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသီးတွေ နေရာခွဲပြီး ချထားလေ့ ထုံးစံရှိတဲ့ ဆော်ဒီအာရေဗျမှာ အားကစားရုံထဲ ဘယ်လို ထိုင်ခုံနေရာချထားပေးမယ် ဆိုတာတော့ မသိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)