ေျမာက္ကိုရီးယား အလုပ္သမားေတြ တ႐ုတ္ကေန ျပန္လာၾကဖို႔ အမိန္႔ေပး

0
249

 

ဒီႏွစ္အကုန္မွာ တ႐ုတ္ႏိုင္ငံမွာ ရွိေနတဲ့ ေျမာက္ကိုရီးယား အလုပ္သမားေတြ အိမ္ကို ျပန္လာၾကဖို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းက အမိန္႔ေပးလိုက္ပါတယ္။

ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ႕ ပိတ္ဆို႔အေရးယူမႈကို အေကာင္အထည္ ေဖာ္တဲ့ အေနနဲ႔ တ႐ုတ္နဲ႔ ဖက္စပ္လုပ္ေနတဲ့ ေျမာက္ကိုရီးယား လုပ္ငန္းေတြကို ရက္ ၁၂၀ အတြင္း ပိတ္ဖို႔ ၿပီးခဲ့တဲ့လက တ႐ုတ္ကုန္သြယ္ေရး ဝန္ႀကီးဌာနက ညႊန္ၾကားၿပီးေနာက္ အခုလို ေျမာက္ကိုရီးယားကလည္း ျပန္ေခၚတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ရွိေနတဲ့ ေျမာက္ကိုရီးယား စီးပြားလုပ္ငန္းေတြ၊ စားေသာက္ဆိုင္ေတြဟာ လာမယ့္ႏွစ္ ဇန္နဝါရီလ ၉ ရက္ေန႔မွာ ပိတ္သိမ္းရမွာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ေျမာက္ကိုရီးယား စားေသာက္ဆိုင္ ၁၀၀ ေက်ာ္ရွိၿပီး အမ်ားစုက ဖက္စပ္လုပ္ငန္းေတြ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား အလုပ္သမား ၃ ေသာင္းအထိ ရွိၿပီး အဲဒီထဲက ၂ ေထာင္က စားေသာက္ဆိုင္မွာ လုပ္ၾကပါတယ္။ နယ္စပ္တေလွ်ာက္က တ႐ုတ္ စီးပြားေရးလုပ္ငန္းေတြဟာ လုပ္အားခ ေစ်းခ်ိဳတဲ့ ေျမာက္ကိုရီးယား အလုပ္သမားေတြ အေပၚ မွီခိုေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား အလုပ်သမားတွေ တရုတ်ကနေ ပြန်လာကြဖို့ အမိန့်ပေး

ဒီနှစ်အကုန်မှာ တရုတ်နိုင်ငံမှာ ရှိနေတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေ အိမ်ကို ပြန်လာကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမိန့်ပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုကို အကောင်အထည် ဖော်တဲ့ အနေနဲ့ တရုတ်နဲ့ ဖက်စပ်လုပ်နေတဲ့ မြောက်ကိုရီးယား လုပ်ငန်းတွေကို ရက် ၁၂၀ အတွင်း ပိတ်ဖို့ ပြီးခဲ့တဲ့လက တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားပြီးနောက် အခုလို မြောက်ကိုရီးယားကလည်း ပြန်ခေါ်တာ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံမှာ ရှိနေတဲ့ မြောက်ကိုရီးယား စီးပွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေဟာ လာမယ့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ပိတ်သိမ်းရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား စားသောက်ဆိုင် ၁၀ဝ ကျော်ရှိပြီး အများစုက ဖက်စပ်လုပ်ငန်းတွေ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အလုပ်သမား ၃ သောင်းအထိ ရှိပြီး အဲဒီထဲက ၂ ထောင်က စားသောက်ဆိုင်မှာ လုပ်ကြပါတယ်။ နယ်စပ်တလျှောက်က တရုတ် စီးပွားရေးလုပ်ငန်းတွေဟာ လုပ်အားခ ဈေးချိုတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေ အပေါ် မှီခိုနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)