မန္စီးတီးတိုက္စစ္မႈး အဂူရို ကားအက္ဆီဒန္႔ျဖစ္လို႔ အနားယူရမယ္

0
435

မန္စီးတီးအသင္း အဓိက တုိက္စစ္မႈး အဂူရို  ဟာ ကားအက္ဆီ ဒင့္ျဖစ္တာေၾကာင့္ နံရိုးသြားခဲ့ၿပီး အသင္းရဲ႕ ပြဲစဥ္ေတြကိုလြဲေခ်ာ္ဖြယ္ရွိေနပါတယ္။

အဂူရိုဟာ  အဆိုေတာ္ မာလူမာရဲ႕ ဂီတေဖ်ာ္ေျဖပြဲသြားခ်ိန္အတြင္း နယ္သာလန္ႏုိင္ငံ အက္စတာဒမ္ ေလဆိပ္နားမွာ ကားအက္ဆီဒန္႔ ျဖစ္ခဲ့ပါတယ္။

ဒဏ္ရာအေျခေန ဟာဆိုးရြားမႈ မရွိေပမယ့္ အခ်ိန္ ဘယ္ေလာက္ အနားယူရမယ္ဆုိတာကို မသိေသးဘူးလို႔ နည္းျပ ဂြာဒီယိုလာက ေျပာပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြ အရေတာ့ အဂူရို ဟာ သီးတင္းပတ္ ၂ ပတ္ကေန ၄ ပတ္ အထိအနားယူရဖြယ္ရွိေနတယ္လို႔ ေဖာ္ျပပါတယ္။

 နည္းျပဂြာဒီယိုလာကေတာ့ အဂူရိုဟာ ေအာက္တုိဘာ ၁၄ ရက္ေန႔မွာ ကစားမယ့္ စတုတ္နဲ႔ ပြဲစဥ္မွာ ၾကံခုိင္မႈအျပည့္ နဲ႔ ျပန္ပါႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

အဂူရို ဟာ ဂီတေဖ်ာ္ေျဖပြဲကအျပန္ တကၠစီကားစီးနင္းခ်ိန္မွာ ကား ဟာ လမ္းေၾကာင္းမွားၿပီး လမ္းေဘးက ဓါတ္တုိင္ကို ဝင္တုိက္ခဲ့တယ္လို႔ ေဒသခံမီဒီယာေတြကေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်စီးတီးတိုက်စစ်မှုး အဂူရို ကားအက်ဆီဒန့်ဖြစ်လို့ အနားယူရမယ်

မန်စီးတီးအသင်း အဓိက တိုက်စစ်မှုး အဂူရို ဟာ ကားအက်ဆီ ဒင့်ဖြစ်တာကြောင့် နံရိုးသွားခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တွေကိုလွဲချော်ဖွယ်ရှိနေပါတယ်။

အဂူရိုဟာ အဆိုတော် မာလူမာရဲ့ ဂီတဖျော်ဖြေပွဲသွားချိန်အတွင်း နယ်သာလန်နိုင်ငံ အက်စတာဒမ် လေဆိပ်နားမှာ ကားအက်ဆီဒန့် ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာအခြေနေ ဟာဆိုးရွားမှု မရှိပေမယ့် အချိန် ဘယ်လောက် အနားယူရမယ်ဆိုတာကို မသိသေးဘူးလို့ နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ အဂူရို ဟာ သီးတင်းပတ် ၂ ပတ်ကနေ ၄ ပတ် အထိအနားယူရဖွယ်ရှိနေတယ်လို့ ဖော်ပြပါတယ်။
နည်းပြဂွာဒီယိုလာကတော့ အဂူရိုဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကစားမယ့် စတုတ်နဲ့ ပွဲစဉ်မှာ ကြံခိုင်မှုအပြည့် နဲ့ ပြန်ပါနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
အဂူရို ဟာ ဂီတဖျော်ဖြေပွဲကအပြန် တက္ကစီကားစီးနင်းချိန်မှာ ကား ဟာ လမ်းကြောင်းမှားပြီး လမ်းဘေးက ဓါတ်တိုင်ကို ဝင်တိုက်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)