
0
111




ကမ္ဘာပေါ်မှာ ကျောင်းနေအရွယ် ဒုက္ခသည် ထက်ဝက်ကျော် ပညာသင်ခွင့် မရ

ကမ္ဘာပေါ်မှာ ကျောင်းနေအရွယ် ဒုက္ခသည် ကလေးငယ် ၇ ဒသမ ၁ သန်းရှိပြီး အဲဒီထဲက ၃ ဒသမ ၇ သန်းဟာ ကျောင်းနေခွင့် မရဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ ပညာသင်ကြားခွင့်ရရေး အခက်အခဲ ဖြစ်နေကြောင်း၊ မူလတန်းကျောင်းကို တက်ခွင့်ရသူက ၆၃ ရာခိုင်နှုန်းသာ ရှိကြောင်း၊ အလယ်တန်းပညာ သင်ခွင့်ရသူက ၂၄ ရာခိုင်နှုန်းသာ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကလေးတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပေးဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာကို ပေးနိုင်ဖို့ အခွင့်အရေး မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ UNHCR မင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)