ကြန္ဒိုေပၚကေန ပုလင္းပစ္ခ်ရာ လူေသဆံုးခဲ့လို႔ ၾသစေၾတးလ်ႏိုင္ငံသား စင္ကာပူမွာ အဖမ္းခံရ

0
109

စင္ကာပူႏိုင္ငံ၊ စေပါ့တစ္ဝူဒီ ပါ့ခ္ လမ္းရွိ ကြန္ဒိုမီနီယံ တိုက္ခန္းေပၚကေန ၾသစေၾတးလ် ႏိုင္ငံသားတစ္ဦးက ပုလင္းတစ္လံုး ပစ္ခ်ခဲ့ရာမွာ အသက္ ၇၃ ႏွစ္အရြယ္ အဘိုးအိုကို ထိမွန္ ေသဆံုးခဲ့လို႔ အဖမ္းခံခဲ့ရပါတယ္။

ၾသစေၾတးလ် ႏိုင္ငံသား အင္ဒ႐ူး ဂို႔စ္စလင္းကို ေပါ့ဆမႈေၾကာင့္ လူေသဆံုးမႈနဲ႔ ဒီေန႔ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ႐ံုးထုတ္ပါတယ္။ ၾသဂုတ္လ ၁၈ ရက္ေန႔တုန္းက မစၥတာ နာဆီယာရီ ဆြန္နီးဟာ ကြန္ဒိုမီနီယံအနီး ကြင္းျပင္မွာ က်င္းပေနတဲ့ ပါတီတစ္ခုမွာ အမ်ိဳးေတြနဲ႔ စားေသာက္ဖို႔ ျပင္ဆင္ေနစဥ္ ပုလင္းက ေခါင္းကို ထိမွန္ခဲ့တာ ျဖစ္ပါတယ္။

အဘိုးအိုဟာ ေခါင္းမွာ ဒဏ္ရာရၿပီး လဲက်သြားေၾကာင္း၊ အနီးအနားမွာ အီတလီ ဝိုင္ပုလင္းလြတ္ တစ္လံုးကို ေတြ႔ရေၾကာင္း၊ ေဆြးမ်ိဳးထဲက သူနာျပဳတစ္ဦးက လူနာတင္ကား မလာခင္ ျပဳစုခဲ့ေၾကာင္း ေသဆံုးသူရဲ႕ သားအႀကီးဆံုးျဖစ္သူ အသက္ ၄၄ ႏွစ္အရြယ္ နတ္စ္ ဆူရီယာတီ နာဆီယာရီက ေျပာပါတယ္။ ျပစ္မႈထင္ရွားရင္ ပုလင္းကို လက္လြတ္စပယ္ ပစ္ခ်သူ ဂို႔စ္စလင္းဟာ ေထာင္ဒဏ္ ငါးႏွစ္နဲ႔ အထက္အျပင္ ေငြဒဏ္လည္း ခ်မွတ္ခံရႏိုင္ပါတယ္။

ကွန်ဒိုပေါ်ကနေ ပုလင်းပစ်ချရာ လူသေဆုံးခဲ့လို့ သြစတြေးလျနိုင်ငံသား စင်ကာပူမှာ အဖမ်းခံရ

စင်ကာပူနိုင်ငံ၊ စပေါ့တစ်ဝူဒီ ပါ့ခ် လမ်းရှိ ကွန်ဒိုမီနီယံ တိုက်ခန်းပေါ်ကနေ သြစတြေးလျ နိုင်ငံသားတစ်ဦးက ပုလင်းတစ်လုံး ပစ်ချခဲ့ရာမှာ အသက် ၇၃ နှစ်အရွယ် အဘိုးအိုကို ထိမှန် သေဆုံးခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။

သြစတြေးလျ နိုင်ငံသား အင်ဒရူး ဂို့စ်စလင်းကို ပေါ့ဆမှုကြောင့် လူသေဆုံးမှုနဲ့ ဒီနေ့ သြဂုတ်လ ၃၀ ရက်နေ့မှာ ရုံးထုတ်ပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့တုန်းက မစ္စတာ နာဆီယာရီ ဆွန်နီးဟာ ကွန်ဒိုမီနီယံအနီး ကွင်းပြင်မှာ ကျင်းပနေတဲ့ ပါတီတစ်ခုမှာ အမျိုးတွေနဲ့ စားသောက်ဖို့ ပြင်ဆင်နေစဉ် ပုလင်းက ခေါင်းကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အဘိုးအိုဟာ ခေါင်းမှာ ဒဏ်ရာရပြီး လဲကျသွားကြောင်း၊ အနီးအနားမှာ အီတလီ ဝိုင်ပုလင်းလွတ် တစ်လုံးကို တွေ့ရကြောင်း၊ ဆွေးမျိုးထဲက သူနာပြုတစ်ဦးက လူနာတင်ကား မလာခင် ပြုစုခဲ့ကြောင်း သေဆုံးသူရဲ့ သားအကြီးဆုံးဖြစ်သူ အသက် ၄၄ နှစ်အရွယ် နတ်စ် ဆူရီယာတီ နာဆီယာရီက ပြောပါတယ်။ ပြစ်မှုထင်ရှားရင် ပုလင်းကို လက်လွတ်စပယ် ပစ်ချသူ ဂို့စ်စလင်းဟာ ထောင်ဒဏ် ငါးနှစ်နဲ့ အထက်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)