IS ေတြက ဖခင္ျဖစ္သူကို သတ္ျဖတ္ၿပီးေနာက္ ေလးႏွစ္အရြယ္ သားငယ္ ရင္ကြဲနာကက် ေသဆံုး

0
91

IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔ေတြက ဖခင္ျဖစ္သူကို သတ္ျဖတ္လိုက္ၿပီးေနာက္ သီတင္းပတ္ အနည္းငယ္ အၾကာမွာ အသက္ ေလးႏွစ္အရြယ္ သားျဖစ္သူဟာ ရင္ကြဲနာက် ေသဆံုးခဲ့ပါတယ္။

ကာ့ဒ္ တိုက္ခိုက္ေရးသမား ဂ်လာ မာဆိုရီကို အီရတ္ႏိုင္ငံ၊ ကူလာဂ်ိဳမွာ ဇူလိုင္လ ၃၁ ရက္ေန႔က IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔ဝင္ေတြက သတ္ခဲ့တာ ျဖစ္ပါတယ္။ ဖခင္ျဖစ္သူ ဂ်လာနဲ႔ သားျဖစ္သူ ဘ႐ိုင္ယာတို႔ဟာ အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေၾကာင္း၊ ဖခင္ျဖစ္သူဟာ ဘယ္ေတာ့မွ ျပန္မလာႏိုင္ေတာ့ဘူးလို႔ ေျပာလိုက္တဲ့အခ်ိန္က စၿပီး သူဟာ တုန္လႈပ္သြားခဲ့ေၾကာင္း ေဒသတြင္း သတင္းေတြက ေဖာ္ျပပါတယ္။

သူ႔ဖခင္ကို သတိရေၾကာင္း မၾကာခဏ ေျပာေလ့ရွိၿပီး သူ႔ဖခင္ ဘာေၾကာင့္ အိမ္ျပန္မလာသလဲ ဆိုတာကို ဘ႐ိုင္ယာက ေမးေနခဲ့ပါတယ္။ အဲဒီေနာက္ စိတ္ဓာတ္က်တဲ့အတြက္ အစာလည္း မဝင္ျဖစ္ခဲ့ပါတယ္။ အေျခအေန ဆိုးလာတဲ့အတြက္ မိသားစုက ေဆး႐ံုကို ပို႔ခဲ့ရၿပီးေနာက္ ၾသဂုတ္လ ၂၆ ရက္ေန႔မွာပဲ မိခင္ရဲ႕ ရင္ခြင္ထဲမွာ ေသဆံုးခဲ့ပါတယ္။ သူ႔ကို သူ႔ဖခင္ရဲ႕ အုတ္ဂူအနီးမွာပဲ ျမွဳပ္ႏွံေပးခဲ့ၾကပါတယ္။

IS တွေက ဖခင်ဖြစ်သူကို သတ်ဖြတ်ပြီးနောက် လေးနှစ်အရွယ် သားငယ် ရင်ကွဲနာကကျ သေဆုံး

IS အစ္စလာမ် အကြမ်းဖက်အဖွဲ့တွေက ဖခင်ဖြစ်သူကို သတ်ဖြတ်လိုက်ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာမှာ အသက် လေးနှစ်အရွယ် သားဖြစ်သူဟာ ရင်ကွဲနာကျ သေဆုံးခဲ့ပါတယ်။

ကာ့ဒ် တိုက်ခိုက်ရေးသမား ဂျလာ မာဆိုရီကို အီရတ်နိုင်ငံ၊ ကူလာဂျိုမှာ ဇူလိုင်လ ၃၁ ရက်နေ့က IS အစ္စလာမ် အကြမ်းဖက်အဖွဲ့ဝင်တွေက သတ်ခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဂျလာနဲ့ သားဖြစ်သူ ဘရိုင်ယာတို့ဟာ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း၊ ဖခင်ဖြစ်သူဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ပြောလိုက်တဲ့အချိန်က စပြီး သူဟာ တုန်လှုပ်သွားခဲ့ကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

သူ့ဖခင်ကို သတိရကြောင်း မကြာခဏ ပြောလေ့ရှိပြီး သူ့ဖခင် ဘာကြောင့် အိမ်ပြန်မလာသလဲ ဆိုတာကို ဘရိုင်ယာက မေးနေခဲ့ပါတယ်။ အဲဒီနောက် စိတ်ဓာတ်ကျတဲ့အတွက် အစာလည်း မဝင်ဖြစ်ခဲ့ပါတယ်။ အခြေအနေ ဆိုးလာတဲ့အတွက် မိသားစုက ဆေးရုံကို ပို့ခဲ့ရပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့မှာပဲ မိခင်ရဲ့ ရင်ခွင်ထဲမှာ သေဆုံးခဲ့ပါတယ်။ သူ့ကို သူ့ဖခင်ရဲ့ အုတ်ဂူအနီးမှာပဲ မြှုပ်နှံပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)