မန္ခ်က္စတာ ယူႏိုက္တက္ကို ျပန္ေျပာင္းေရႊ႕ခ်င္ေနတဲ့ တိုက္စစ္မွဴး မိုဗစ္

0
74

မန္ခ်က္စတာ ယူႏိုက္တက္က လိုအပ္မယ္ဆိုရင္ ဂလက္ဇီနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးခ်ိန္မွာ ျပန္ေျပာင္းေရႊ႕ခ်င္တယ္လို႔ ေမဂ်ာလိဂ္ ကလပ္ LA ဂလက္ဇီ တိုက္စစ္မွဴး ဇလာတန္ အီဘရာဟီ မိုဗစ္က ေျပာပါတယ္။ 

အသက္ ၃၇ ႏွစ္အရြယ္ရွိ တိုက္စစ္မွဴး မိုဗစ္ဟာ ၂၀၁၈ ခုႏွစ္၊ မတ္လက မန္ခ်က္စတာ ယူႏိုက္တက္ကေန ဂလက္ဇီအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး ဂလက္ဇီအတြက္ ၄၉ ပြဲမွာ ၄၆ ဂိုး သြင္းယူေပးထားပါတယ္။ မိုဗစ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားခ်ိန္က ပထမရာသီမွာ ေျခစြမ္းျပကစားကာ ဂိုးေပါင္း ၂၈ ဂိုး သြင္းယူေပးခဲ့ေပမယ့္ ဒုတိယရာသီမွာ ဒူးဒဏ္ရာ ျပႆနာေၾကာင့္ ေျခစြမ္းျပ ကစားႏိုင္မႈ မရွိခဲ့ပါဘူး။ 

ေျခစြမ္းမျပႏိုင္တဲ့အတြက္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ မိုဗစ္တို႔ဟာ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး ဂလက္ဇီအသင္းကို ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။ ပရီးမီယားလိဂ္ အေျပာင္းအေရႊ႕ရာသီ ပိတ္သိမ္းသြားၿပီ ျဖစ္တဲ့အတြက္ မိုဗစ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ကို ေျပာင္းမယ္ဆိုပါက လာမယ့္ ဇန္နဝါရီလ အေျပာင္းအေရႊ႕ ဖြင့္ခ်ိန္မွသာ ေျပာင္းခြင့္ရမွာ ျဖစ္ပါတယ္။

မန်ချက်စတာ ယူနိုက်တက်ကို ပြန်ပြောင်းရွှေ့ချင်နေတဲ့ တိုက်စစ်မှူး မိုဗစ်

မန်ချက်စတာ ယူနိုက်တက်က လိုအပ်မယ်ဆိုရင် ဂလက်ဇီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ပြန်ပြောင်းရွှေ့ချင်တယ်လို့ မေဂျာလိဂ် ကလပ် LA ဂလက်ဇီ တိုက်စစ်မှူး ဇလာတန် အီဘရာဟီ မိုဗစ်က ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ တိုက်စစ်မှူး မိုဗစ်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လက မန်ချက်စတာ ယူနိုက်တက်ကနေ ဂလက်ဇီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဂလက်ဇီအတွက် ၄၉ ပွဲမှာ ၄၆ ဂိုး သွင်းယူပေးထားပါတယ်။ မိုဗစ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားချိန်က ပထမရာသီမှာ ခြေစွမ်းပြကစားကာ ဂိုးပေါင်း ၂၈ ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒုတိယရာသီမှာ ဒူးဒဏ်ရာ ပြဿနာကြောင့် ခြေစွမ်းပြ ကစားနိုင်မှု မရှိခဲ့ပါဘူး။

ခြေစွမ်းမပြနိုင်တဲ့အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ မိုဗစ်တို့ဟာ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဂလက်ဇီအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီယားလိဂ် အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းသွားပြီ ဖြစ်တဲ့အတွက် မိုဗစ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းမယ်ဆိုပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ ဖွင့်ချိန်မှသာ ပြောင်းခွင့်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)