
0
105




တောင်ကိုရီးယား သမ္မတဟောင်း ပတ်ခွန်ဟေးအပေါ် ချမှတ်တဲ့ စီရင်ချက်ကို ပြန်သုံးသပ်ဖို့ တရားရုံးချုပ် ပြော

သမ္မတဟောင်း ပတ်ခွန်ဟေးကို အကျဉ်းချဖို့ စီရင်ချက်ကို တောင်ကိုရီးယား တရားရုံးချုပ်က တစ်စိတ်တစ်ဒေသ ပယ်ဖျက်လိုက်ပါတယ်။

အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်တွေအတွက် တောင်ကိုရီးယားသမ္မတဟာ ထောင်ဒဏ် ၂၅ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၈ သန်း ပေးဆောင်ဖို့ ဆိုးလ် အထက်တရားရုံးက ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ အမိန့် ချမှတ်ခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတဟောင်းဟာ Samsung နဲ့ Lotte အပါအဝင် စီးပွားရေး လုပ်ငန်းစုကြီးတွေဆီကနေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိဖို့ သူ့နဲ့ ကာလရှည်ကြာ ခင်ခဲ့တဲ့ မိတ်ဆွေနဲ့အတူ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။ အဲဒီအမှုဟာ တခြား အဂတိလိုက်စားမှု စွဲချက်တွေကို စီရင်ပုံနဲ့ ကိုက်ညီမှုမရှိကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပြီးနောက် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)