ဂ်ပန္ႏိုင္ငံ ႐ိုးေျဖာင့္မႈမရွိေၾကာင္း ေတာင္ကိုရီးယား သမၼတ ေျပာ

0
76

ေတာင္ကိုရီးယားကို ပို႔ကုန္ထိန္းခ်ဳပ္မႈ တင္းက်ပ္ခဲ့တဲ့အေၾကာင္းရင္းနဲ႔ ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံဟာ ႐ိုးေျဖာင့္မႈမရွိဘူးလို႔ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက စြပ္စြဲခဲ့ပါတယ္။

လြယ္ကူတဲ့ ကုန္ပစၥည္းတင္ပို႔မႈ လုပ္ငန္းစဥ္ ခြင့္ျပဳထားတဲ့ ကုန္သြယ္ေရး စီးပြားဖက္ႏိုင္ငံ စာရင္းကေန ေတာင္ကိုရီးယားကို ဂ်ပန္က ပယ္ဖ်က္ခဲ့ၿပီး တစ္ရက္အၾကာမွာပဲ ေတာင္ကိုရီးယား သမၼတက အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒီလို စီးပြားေရးအရ လက္တုံ႔ျပန္မႈရဲ႕ အေၾကာင္းရင္းနဲ႔ ပတ္သက္ၿပီး ဂ်ပန္ဟာ ႐ိုးေျဖာင့္မႈရွိရမွာ ျဖစ္ေၾကာင္း၊ အေျခအျမစ္မရွိတဲ့ စကားလုံးေတြနဲ႔ ဂ်ပန္ဟာ အဲဒီလုပ္ရပ္ကို ကာကြယ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ေတာင္ကိုရီးယား သမၼတက ေျပာပါတယ္။ 

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံဟာ အတိတ္ကို မွန္မွန္ကန္ကန္ ရႈျမင္ဖို႔လိုေၾကာင္း၊ အတိတ္က ကိုယ္တိုင္ရဲ႕ မမွန္ကန္တဲ့ လုပ္ေဆာင္မႈေတြကို အသိအမွတ္မျပဳတာ၊ ဒါမွမဟုတ္ ေတာင္းပန္တာ မလုပ္တဲ့ ဂ်ပန္အစိုးရရဲ႕ ပုံစံဟာ ထိခိုက္နစ္နာသူေတြကို ထပ္ၿပီး နာက်င္မႈေတြ ခံစားရေစေၾကာင္း သမၼတ မြန္ေဂ်အင္းက ေျပာပါတယ္။

ဂျပန်နိုင်ငံ ရိုးဖြောင့်မှုမရှိကြောင်း တောင်ကိုရီးယား သမ္မတ ပြော

တောင်ကိုရီးယားကို ပို့ကုန်ထိန်းချုပ်မှု တင်းကျပ်ခဲ့တဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ ရိုးဖြောင့်မှုမရှိဘူးလို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက စွပ်စွဲခဲ့ပါတယ်။

လွယ်ကူတဲ့ ကုန်ပစ္စည်းတင်ပို့မှု လုပ်ငန်းစဉ် ခွင့်ပြုထားတဲ့ ကုန်သွယ်ရေး စီးပွားဖက်နိုင်ငံ စာရင်းကနေ တောင်ကိုရီးယားကို ဂျပန်က ပယ်ဖျက်ခဲ့ပြီး တစ်ရက်အကြာမှာပဲ တောင်ကိုရီးယား သမ္မတက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလို စီးပွားရေးအရ လက်တုံ့ပြန်မှုရဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဂျပန်ဟာ ရိုးဖြောင့်မှုရှိရမှာ ဖြစ်ကြောင်း၊ အခြေအမြစ်မရှိတဲ့ စကားလုံးတွေနဲ့ ဂျပန်ဟာ အဲဒီလုပ်ရပ်ကို ကာကွယ်ဖို့ ကြိုးပမ်းနေကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံဟာ အတိတ်ကို မှန်မှန်ကန်ကန် ရှုမြင်ဖို့လိုကြောင်း၊ အတိတ်က ကိုယ်တိုင်ရဲ့ မမှန်ကန်တဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်မပြုတာ၊ ဒါမှမဟုတ် တောင်းပန်တာ မလုပ်တဲ့ ဂျပန်အစိုးရရဲ့ ပုံစံဟာ ထိခိုက်နစ်နာသူတွေကို ထပ်ပြီး နာကျင်မှုတွေ ခံစားရစေကြောင်း သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)