အမေရိကန်မှာ လက်ဝါးကတ်တိုင်ကို မီးရှို့သူ နှစ်ဦး ထောင်ချခံရ

0
315

အမေရိကန်၊ ဖလော်ရီဒါပြည်နယ်က လူနှစ်ဦးဟာ လူမျိုးမတူ စုံတွဲတစ်တွဲရဲ့ ခြံဝင်းထဲမှာ လက်ဝါးကတ်တိုင်ကို မီးရှို့ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရပါတယ်။

လက်ဝါးကတ်တိုင်ကို မီးရှို့သူတွေ ဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် သောမတ် ဆစ်ဂလာကို ထောင်ဒဏ် ၂ နှစ်နဲ့ ၉ လ၊ အသက် ၅၆ နှစ် အရွယ် ဝီလျံဒင်းနစ်ကို ၁ နှစ်နဲ့ ၉ လ ထောင်ဒဏ် ချမှတ်လိုက်ကြောင်း အမေရိကန် တရားရုံးကမနေ့က သြဂုတ်လ ၁၉ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဆစ်ဂလာနဲ့ ဒင်းနစ်တို့ဟာ တမ်ပါအနီး ပတ်စ်ကို အုပ်ချုပ်မှုနယ်မြေရှိ လူဖြူ အသိုင်းအဝိုင်းမှာ နေကြသူတွေ ဖြစ်ပါတယ်။ လူဖြူ အမျိုးသမီးနဲ့ လူမည်း အမျိုးသား စုံတွဲတို့ အဲဒီနားကို ပြောင်းရွှေ့လာပြီးနောက် အဲဒီ စုံတွဲရဲ့ ခြံထဲမှာ ၂၀၁၂ ဟောလိုဝင်းနေ့မှာ လက်ဝါးကတ်တိုင်ကို မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ဝါးကတ်တိုင်ကို မီးရှို့တယ်ဆိုတာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူအဖွဲ့ဖြစ်တဲ့ ကူ ကလပ် ကလန် ဆိုတဲ့ လူမျိုးရေး ခွဲခြားတဲ့ဂိုဏ်းနဲ့ ပတ်သက်တဲ့ သမိုင်း ရှိခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)