အာဖဂန် အမေရိကန်သံရုံးအနီး အသေခံဗုံးခွဲတိုက်ခိုက် ၅ ဦးသေ

0
256

အာဖဂန်နစ္စတန်မြို့တော်  ကဘူးလ်မြို့က အမေရိကန် သံရုံးအနီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူဟာ ကဘူးလ်မြို့ရဲ့သံရုံးတွေအနီးအနားက  ဘဏ်တစ်ခု အနီးမှာ ဖောက်ခွဲခဲ့ တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ တာလီဘန်တွေရဲ့ လက်ချက်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တွေကို အဓိက ထားတိုက်လိုက်လာတာပဲ ဖြစ်ပါတယ်။

အခုလို အစိုးရတပ်ဖွဲ့တွေ ပစ်မှတ်ထားတိုက်ခိုက်ရင်း တစ်နှစ် အတွင်း သေဆုံးခဲ့ ရသူ အရပ်သား ၂၀၀ ကျော်ရှိလာပြီလို့လည်း ကုလသမဂ္ဂက ခန့်မှန်း ပြောဆို ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)