COVID-19 ကူးစက်မှု သုညအခြေအနေကို ဆက်ထိန်းထားနိုင်တယ်လို့ မြောက်ကိုရီးယား ပြော

0
272

တောင်ကိုရီးယားကနေ ပြန်လည် ခိုဝင်လာသူတစ်ဦးထံမှာ COVID-19 ရောဂါ လက္ခဏာပြမှုအတွက် စိုးရိမ်မှုတွေ ရှိပေမယ့် နယ်စပ်ဒေသမှာ COVID-19 ရောဂါ ကူးစက်မှု မရှိဘူးလို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာက ဖော်ပြပါတယ်။

မြောက်ကိုရီးယားမှာ COVID-19 ရောဂါ ဖြစ်ပွားမှု မရှိဘဲ သုညခြေအနေ ဆက်ရှိနေကြောင်း၊ ဒါပေမယ့် လျစ်လျူမှုတွေ ရှိမယ်ဆိုရင်တော့ မျှော်လင့်မထားတဲ့ အကျပ်အတည်းတွေ ကြုံရမှာဖြစ်ကြောင်း အစိုးရသတင်းစာ ရိုဒွန် ဆင်မွန်က ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က တောင်ကိုရီးယားဘက်ကို ခိုလှုံသွားသူတစ်ဦးဟာ ဇူလိုင်လ ၁၉ ရက်နေ့မှာ မြောက်ကိုရီးယားကို နယ်စပ်ဖြတ်ကာ ဂေဆီအွန်မြို့ကို ပြန်လည်ဝင်ရောက်လာပါတယ်။ ဒီလူကို အကြောင်းပြုပြီး မြောက်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာရင် တောင်ကိုရီးယားကို အပြစ်ဖို့နိုင်တယ်လို့ တချို့က သုံးသပ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယား ဗဟိုပြည်သူ့ညီလာခံ ဥက္ကဋ္ဌ ချိုရောင်ဟေးဟာ နယ်စပ်မြို့ ဂေဆီအွန်ကို COVID-19 ရောဂါအခြေအနေ စစ်ဆေးဖို့ သွားရောက်ခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။


_________________

_________________

COVID-19 ကူးစက်မှု သုညအခြေအနေကို ဆက်ထိန်းထားနိုင်တယ်လို့ မြောက်ကိုရီးယား ပြော

တောင်ကိုရီးယားကနေ ပြန်လည် ခိုဝင်လာသူတစ်ဦးထံမှာ COVID-19 ရောဂါ လက္ခဏာပြမှုအတွက် စိုးရိမ်မှုတွေ ရှိပေမယ့် နယ်စပ်ဒေသမှာ COVID-19 ရောဂါ ကူးစက်မှု မရှိဘူးလို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာက ဖော်ပြပါတယ်။

မြောက်ကိုရီးယားမှာ COVID-19 ရောဂါ ဖြစ်ပွားမှု မရှိဘဲ သုညခြေအနေ ဆက်ရှိနေကြောင်း၊ ဒါပေမယ့် လျစ်လျူမှုတွေ ရှိမယ်ဆိုရင်တော့ မျှော်လင့်မထားတဲ့ အကျပ်အတည်းတွေ ကြုံရမှာဖြစ်ကြောင်း အစိုးရသတင်းစာ ရိုဒွန် ဆင်မွန်က ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က တောင်ကိုရီးယားဘက်ကို ခိုလှုံသွားသူတစ်ဦးဟာ ဇူလိုင်လ ၁၉ ရက်နေ့မှာ မြောက်ကိုရီးယားကို နယ်စပ်ဖြတ်ကာ ဂေဆီအွန်မြို့ကို ပြန်လည်ဝင်ရောက်လာပါတယ်။ ဒီလူကို အကြောင်းပြုပြီး မြောက်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာရင် တောင်ကိုရီးယားကို အပြစ်ဖို့နိုင်တယ်လို့ တချို့က သုံးသပ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယား ဗဟိုပြည်သူ့ညီလာခံ ဥက္ကဋ္ဌ ချိုရောင်ဟေးဟာ နယ်စပ်မြို့ ဂေဆီအွန်ကို COVID-19 ရောဂါအခြေအနေ စစ်ဆေးဖို့ သွားရောက်ခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ နယ်စပ်မြို့ ဂေဆီယွန်ရှိ ရထားနဲ့ ကားဂိတ်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး ပြည်သူတွေကို နှာခေါင်းစည်းတပ်တာနဲ့ လက်ဆေးတာ မလုပ်မနေရ ပြဋ္ဌာန်းထားပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)