ဟောင်ကောင်မှာ လုံခြုံရေးဥပဒေသစ်နဲ့ လူငယ် လေးဦးကို ဖမ်းဆီး

0
280

တရုတ်ပြည်မကြီးက ဟောင်ကောင်အတွက် ပြဋ္ဌာန်းပေးတဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်အရ လူငယ် လေးဦးကို ဖမ်းဆီးလိုက်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၁ နှစ်အရွယ်ရှိ လူငယ် လေးဦးကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဟောင်ကောင်ရဲအရာရှိတစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။

ဟောင်ကောင် လွတ်လပ်ရေးအဖွဲ့ အဖွဲ့အစည်းတစ်ခု ထူထောင်ကြောင်း အွန်လိုင်း လူမှုမီဒီယာမှာ မကြာသေးခင်က ကြေညာခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဟောင်ကောင် လုံခြုံရေးဥပဒေသစ်ရဲ့ အကြီးတန်း ကြီးကြပ်သူ လီကွေဝါက ပြောပါတယ်။

ဘေဂျင်းက ဇူလိုင်လ ၁ ရက်နေ့မှာ ပြဋ္ဌာန်းပေးတဲ့ ဥပဒေအရ မထီမဲ့မြင်ပြုမှု၊ ခွဲထွက်ဖို့ ကြိုးပမ်းမှု၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှုတွေဟာ ရာဇဝတ်မှု မြောက်ပါတယ်။

ဒီလုံခြုံရေးဥပဒေသစ်ကြောင့် တရုတ်အစိုးရဟာ အနောက်နိုင်ငံ အစိုးရတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဥရောပ သမဂ္ဂက ဟောင်ကောင် ဥပဒေသစ်ဟာ အလွန် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်ကြောင်း၊ ဗြိတိန်က တရုတ်ကို လွှဲပေးစဉ် အဆိုပြုထားတဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို ဒီဥပဒေသစ်က တိုက်စားပစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှဈကတညြးက အစိုးရဆန့ကြငွရြေး ဆနျဒပှပှဲတှေ ဖှဈနတေဲ့ ဟောငကြောငမြှာ အမွိုးသားလုံခှုံရေး ကာကှယရြေးဟာ အရေးကှီးတယလြို့ ဟောငကြောငနြဲ့ တရုတအြစိုးရက ခုခံပှောဆိုထားပါတယြ။

__________________

__________________

ဟောငျကောငျမှာ လုံခွုံရေးဥပဒသေဈနဲ့ လူငယျ လေးဦးကို ဖမျးဆီး

တရုတ်ပြည်မကြီးက ဟောင်ကောင်အတွက် ပြဋ္ဌာန်းပေးတဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်အရ လူငယ် လေးဦးကို ဖမ်းဆီးလိုက်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၁ နှစ်အရွယ်ရှိ လူငယ် လေးဦးကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဟောင်ကောင်ရဲအရာရှိတစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။

ဟောင်ကောင် လွတ်လပ်ရေးအဖွဲ့ အဖွဲ့အစည်းတစ်ခု ထူထောင်ကြောင်း အွန်လိုင်း လူမှုမီဒီယာမှာ မကြာသေးခင်က ကြေညာခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဟောင်ကောင် လုံခြုံရေးဥပဒေသစ်ရဲ့ အကြီးတန်း ကြီးကြပ်သူ လီကွေဝါက ပြောပါတယ်။

ဘေဂျင်းက ဇူလိုင်လ ၁ ရက်နေ့မှာ ပြဋ္ဌာန်းပေးတဲ့ ဥပဒေအရ မထီမဲ့မြင်ပြုမှု၊ ခွဲထွက်ဖို့ ကြိုးပမ်းမှု၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှုတွေဟာ ရာဇဝတ်မှု မြောက်ပါတယ်။

ဒီလုံခြုံရေးဥပဒေသစ်ကြောင့် တရုတ်အစိုးရဟာ အနောက်နိုင်ငံ အစိုးရတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဥရောပ သမဂ္ဂက ဟောင်ကောင် ဥပဒေသစ်ဟာ အလွန် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်ကြောင်း၊ ဗြိတိန်က တရုတ်ကို လွှဲပေးစဉ် အဆိုပြုထားတဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို ဒီဥပဒေသစ်က တိုက်စားပစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ကာကွယ်ရေးဟာ အရေးကြီးတယ်လို့ ဟောင်ကောင်နဲ့ တရုတ်အစိုးရက ခုခံပြောဆိုထားပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)