ပြန်ပေးဆွဲဂိုဏ်းက ဂိုဏ်းစတားအဖြစ် သရုပ်ဆောင်မယ့် ဟွန်ဘင်

0
477

တောင်ကိုရီးယား ထိပ်တန်း သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ဟွန်ဘင်ဟာ “Negotiation” ရုပ်ရှင်မှာ ပြန်ပေးဆွဲဂိုဏ်းက ဂိုဏ်းခေါင်းဆောင် ဂိုဏ်းစတားအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး သူနဲ့ ဆွန်ရီဂျင်းက တွဲဖက်ပါဝင် သရုပ်ဆောင်ကြမယ်လို့ သူတို့ရဲ့ အနုပညာအေဂျင်စီများက တရားဝင်သတင်းထုတ်ပြန် လိုက်ပါတယ်။

“Negotiation” ရုပ်ရှင်ဟာ မှုခင်းအခြေခံ အက်ရှင်ဇာတ်လမ်းဖြစ်ကာ အဖမ်းခံရသူ ဓားစာခံနဲ့ လူဆိုးဂိုဏ်းကြားမှာ ကြားဝင် စေ့စပ်ဖြန်ဖြေပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ဟွန်ဘင်က ပြန်ပေးဆွဲဂိုဏ်းက ဂိုဏ်းခေါင်းဆောင် ဂိုဏ်းစတား မင်ထယ်ဂူအဖြစ် သရုပ်ဆောင်ထားပြီး ဆွန်ရီဂျင်းကတော့ ပြန်ပေးဆွဲခံရတဲ့ ဓားစာခံ အဖမ်းခံရသူနဲ့ ပြန်ပေးဆွဲဂိုဏ်းကြား စေ့စပ်ဖြန်ဖြေပေးသူ ဟချေဟွန်း အဖြစ် သရုပ်ဆောင်ထားပါတယ်။

“Negotiation” ရုပ်ရှင်ကို ဒါရိုက်တာ ယွန်ဂျေကျူးက ရိုက်ကူးထားပြီး သူဟာ ၂၀၀၉ ခုနှစ်က “Tidal Wave” ရုပ်ရှင်၊ ၂၀၁၁ ခုနှစ်က “Sector 7” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူဖြစ်ကာ ပြည်တွင်း ရုပ်ရှင်ဆုပေးပွဲများတွင် ထူးချွန်ဆုများ ရရှိထားသူတစ်ဦးပါ။

ဟွန်ဘင်ဟာ မကြာခင်က “Confidential Assignment” ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ကြည့်ရှုသူ ၇ ဒသမ ၈ သန်းကျော် ရှိခဲ့ကာ ရုပ်ရှင်ကြည့် ပရိသတ်များကြား အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဆွန်ရီဂျင်းကတော့ မကြာသေးခင်ကပဲ ရာဇ၀င်အခြေခံထားတဲ့ The Last Princess ဒရမ်မာရုပ်ရှင်ထားပြီး ၂၂ ကြိမ်မြောက်ကျင်းပတဲ့ Chunsa Film Festival ရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

“Negotiation” ရုပ်ရှင်ကို ဇွန်လတွင် စတင်ရိုက်ကူးမှာဖြစ်ပြီး ဒီရုပ်ရှင်ဟာလည်း အောင်မြင်မှုများရရှိမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)