အင်ဒိုနီးရှားမှာ ၆.၆. ရစ်ချက်တာစကေးရှိတဲ့ အင်အားပြင်းငလျင်လှုတ်ခတ်

0
274

အင်ဒိုနီးရှားနိုင်ငံ Palu မြို့ နဲ့ ဆူလာဝေစီ ကျွန်း  Poso မြို့အနီးမှာ ၆.၆. ရစ်ချက်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု ဒီကနေ့မှာလှုပ်ခတ်သွားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် အဆောက်အဦးများစွာပြိုကျပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေလည်း ဘေး လွတ်ရာကိုရွှေ့ပြောင်းနေကြပြီး ဒဏ်ရာရှိခဲ့သူတွေကိုတော့ နီးစပ်ရာဆေးရုံကို ပို့ဆောင် ပေးထားကြပါတယ်။

Palu မြို့ရဲ့ အရှေ့တောင် ဘက် ၄၉ မိုင်အကွာကို ဗဟိုပြုတယ်လို့ အမေရိကန် ဘူမီဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုရှိမရှိကို မသိရသေးဘဲ ကယ်ဆယ်ရေးစစ်သားတွေ ဟာပျက်စီးနေတဲ့အဆောက်အဦး တွေတဲ့ ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)