အာဏာရှင် ပနားမားခေါင်းဆောင် နိုရေးဂါး ၈၃ နှစ်မှာ သေဆုံး

0
286

တစ်ချိန်က အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အမေရိကန်ရဲ့ ကျုးကျော်မှုကြောင့် ပြုတ်ကျခဲ့ရတဲ့ ပနားမားအာဏာရှင် ဟောင်း မန်နူရယ်လ်နိုရေးဂါး ၈၃ နှစ်ဟာ တနင်္လာနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

လက်ရှိပနားမားသမ္မတ ဟွန်ကားလို့စ်က မန်နူရလ်နိုရေးဂါးသေဆုံးမှုဟာ ပနားမားသမိုင်းမှာ အခန်းကဏ္ဍတစ်ခု အဆုံးသတ်သွားခဲ့တာပါလို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့မိသားစုဆွေမျိုးတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်း ပူဆွေးဝမ်းနည်းလို့ ရပါတယ်လို့လည်း သမ္မတကာလို့စ်က ဆက်လက်ရေးသား ခဲ့ပါတယ်။

မူးယစ်ဆေးမှုနဲ့ နိုရေးဂါးဟာ အမေရိကန်က အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၇ နှစ်ကျခံနေခဲ့ရပြီးနောက်ပိုင်း ပြင်သစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီလိုထောင်ဒဏ်တွေ ဆက်တိုက်ကျခံခဲ့ရပေမယ့် ဘ၀ရဲ့နောက်ဆုံးနေ့ရက်တွေမှာတော့ ၁၉၈၃-၁၉၈၉ခု နှစ်မှာ သူအုပ်ချုပ်ခဲ့ချိန်က အတိုက်အခံတွေကို သတ်ဖြတ်ခဲ့မှုနဲ့ ပနားမားအကျဉ်းထောင်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

ဒါပေမဲ့ နိုရေးဂါးက နိုင်ငံရေးအရ ပူးပေါင်းကြံစည်မှုလုပ်ဖို့ သဘောမတူခဲ့လို့ အမေရိကန်က ဥပဒေအရ ဒုက္ခရောက်အောင် သူ့ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ နိုရေးဂါးကို ဖယ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ပနားမားနိုင်ငံက အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာ ပနားမားတူးမြောင်းကို အမေရိကန်ထိန်းချုပ်မှုကနေ ပနားမားပြန်ရရှိခဲ့ပါတယ်။

၁၉၃၄ ခုနှစ်၊ဖေဖော်ဝါရီ ၁၁ ရက်မှာ ဆင်းဆင်းရဲရဲမွေးဖွားခဲ့ပြီး မွေးစားမိဘတွေနဲ့ ကြီးပြင်းခဲ့သူ နိုရေးဂါးဟာ ၁၉၆၂ခုနှစ်မှာ စစ်တပ်ထဲဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အိုမာတိုရီဂျိုးစ်အပေါ် သစ္စာစောင့်သိမှုကြောင့် ရာထူးတွေအဆင့်ဆင့်တိုးခဲ့ပါတယ်။ ဗိုလ်ချုပ်တိုရီဂျိုးစ် က ၁၉၈၆ ခုနှစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ကန့်လန့်ကာနောက်ကွယ်က အဓိပတိဖြစ်လာခဲ့သူပါ။

၁၉၈၁ခုနှစ်မှာတော့ ဘာကြောင့်လို့ဖော်ထုတ်မရတဲ့ လေယာဉ်ပျက်ကျမှုမှာ ဗိုလ်ချုပ်တိုရီဂျိုးစ်သေဆုံးခဲ့ပြီး နိုရေးဂါးက စစ်တပ်ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)