ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ ကို သရော်ထားတဲ့ Lair သီချင်း iTunes မှာ နံပါတ် ၃ ချိတ်

0
382

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေကို လိမ်ညာသူ ဆိုပြီး သရော်သီဆိုထားတဲ့ သီချင်းဟာ iTunes မှာ နံပါတ် ၃ ချိတ်နေပြီး ထိပ်တန်း ရေဒီယိုသီချင်း ၁၀ ပုဒ်မှာလည်း စာရင်းဝင်သွားခဲ့ပါတယ်။

Lair Lair Ge2017 သီချင်းကို ကပ္ပတိန် အက်စ်ကေအေ (Captain SKA) က ဖန်တီးထားတာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ဆင်ရဲနွမ်းပါးမှု၊ ထရီဆာမေရဲ့ ကွန်ဆာဗေဒတစ် ပါတီရဲ့ ကတိမတည် နောက်ကြောင်းပြန်မှုတွေကို သရော်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ သီချင်းကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ် 

သူနာပြုတွေ ငတ်မွတ်နေပြီး စာသင်ကျောင်းတွေ ကျဆင်းနေတယ်၊ ကျုပ်တို့ရဲ့ ဖရိုဖရဲတိုင်းပြည်ကြီးကို အသိအမှတ် မပြုနိုင်ဘူး စသဖြင့် ရေးဖွဲ့ထားပါတယ်။

တချို့သော ရေဒီယိုလိုင်းတွေကတော့ ဒီသီချင်းကို ထုတ်လွှင့်ဖို့ ငြင်းဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီသီချင်းဟာ ထိပ်က လူကြီးတွေဆီ ရောက်သွားနိုင်ပါစေလို့ လူမှုကွန်ရက် သုံးစွဲသူတွေက ရေးသားနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)