
0
118
devices -->





<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၁၀ဝ ပြည့်နှစ်မှာ ကွယ်လွန်သွားတဲ့ Facebook user ၄ ဒသမ ၉ ဘီလီယံ ရှိလာနိုင်

Facebook သုံးစွဲသူ user ဦးရေဟာ အခုလက်ရှိနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ၂၁၀ဝ ပြည့်နှစ်မှာ ကွယ်လွန်သွားတဲ့ သုံးစွဲသူ user ၄ ဒသမ ၉ ဘီလီယံ ရှိနေမှာဖြစ်ပြီး အဲဒီ ကွယ်လွန်သွားသူတွေရဲ့ Facebook ပေါ်က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်မလဲလို့ မေးခွန်း ထုတ်နေကြပါတယ်။

ဒီနှုန်းအတိုင်းဆိုရင် နောင်မှာ သက်ရှိထင်ရှား ရှိတဲ့ Facebook သုံးစွဲသူ ဦးရေထက် ကွယ်လွန်သွားတဲ့ Facebook သုံးစွဲသူ ဦးရေက ပိုများနေမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Facebook သုံးစွဲသူ တိုးတက်မှုနှုန်းကို လုံးဝ ရပ်ထားသည့်တိုင်အောင် ၂၁၀ဝ ပြည့်နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ user ဟာ ၁ ဒသမ ၄ ဘီလီယံ ရှိနေဦးမှာပဲ ဖြစ်တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ် သုနေသီတွေက ပြောပါတယ်။

ဒီကိစ္စမှာ သုံးစွဲသူ “user” ဆိုတဲ့ အသုံးအနှုန်းဟာလည်း မှားယွင်းတော့မှာ ဖြစ်ပြီး ကွယ်လွန်သူတွေရဲ့ Facebook ပေါ်က အချက်အလက်တွေက ဆက်လက် ရှင်သန်နေဦးမှာဖြစ်ကြောင်း၊ ဆယ်လ်ဖီ ဓာတ်ပုံတွေ၊ အမှတ်တရ update တွေ၊ နှစ်ပတ်လည် သတိပေးချက်တွေ ဆက်ရှိနေမှာ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။

ထင်ရှားကျော်ကြားတဲ့ Facebook သုံးစွဲသူတွေ ကွယ်လွန်တဲ့အခါ Facebook က account ကို ရပ်ထားပေးပေမယ့် သာမန်သုံးစွဲသူတွေရဲ့ account တွေကတော့ ဆက်လက် တည်ရှိနေတာ ဖြစ်ပါတယ်။