ဥရောပသမဂ္ဂကနေ ခွဲထွက်မယ့် အစီအစဉ်အတိုင်း ဗြိတိန် ဆက်လက် ဆောင်ရွက်

0
291

မနေ့က မတ်လ ၂၉ ရက်နေ့မှာ ၀န်ကြီးချုပ် ထရီဆာမေက ဥရောပသမဂ္ဂကနေ တရားဝင်ခွဲထွက်မယ့် ပုဒ်မ (၅၀)ကို လက်မှတ်ရေးထိုးခဲ့အပြီးမှာ ဗြိတိန် နိုင်ငံ ဟာ ခွဲထွက်ရေး အစီအစဉ်အတိုင်း ဂရိတ်ရီပဲလ်ဘီလ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

ဥရောပသမဂ္ဂ တရားသူကြီးတွေရဲ့ စိုးမိုးမှုအဆုံးသတ်သွားချိန် အကူးအပြောင်းကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးတွေက ကတိပေးခဲ့ကြပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် အီးယူရဲ့ထောင်ပေါင်းများစွာသော ဥပဒေတွေကို ဗြိတိန်ဥပဒေရေးရာထဲကနေ ခွဲထုတ်တော့မှာ ဖြစ်ပါတယ်။

အီးယူကနေ ခွဲထွက်တဲ့ဖြစ်စဉ်ဟာ ဗြိတိန်အတွက် နောက်ပြန်ဆုတ်လို့ မရတဲ့ဖြစ်စဉ်လည်း ဖြစ်ပါတယ်။
လစ္စဘွန်းစာချုပ်အရ ပုဒ်မ (၅၀)ကို ကျင့်သုံးဖို့နှစ်နှစ်ကြာ ဆွေးနွေးခဲ့အပြီးမှာ ယခုလို ဂရိတ်ရီပဲလ်ဘီလ်က ဆက်လက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်မေက ပုဒ်မ (၅၀)ကို မနေ့က လက်မှတ်ရေးထိုးချိန်မှာ ဗြိတိန်ပြည်သူတွေ တစုတဝေးတည်း ရပ်တည်စုရုံးကြဖို့ အချိန်ကျပြီလို့ ဆော်သြခဲ့ပါတယ်။ အခုလို အီးယူကနေ ခွဲထွက်တဲ့ဖြစ်စဉ်ကို ဗြိဇစ် (Brexit) လို့ အတိုကောက်သုံးနှုန်းပါတယ်။

ဒါမတိုင်မီက ဂရိဇစ် (Grexit) ဆိုပြီး အနုမာနမှန်းဆချက်နဲ့ ဥရော ပဇုန်၊ ဥရောပသမဂ္ဂကနေ စီးပွားရေးအကြပ်ဆိုက်နေတဲ့ ဂရိနိုင်ငံထွက်ခွာမှုကို ပြောဆိုခဲ့ကြတယ်။ အခု ဗြိဇစ်(Brexit) အသက်ဝင်လာဖို့ ပထမဆုံး ခြေလှမ်းအနေနဲ့ ၀န်ကြီးချုပ်မေက ပုဒ်မ(၅၀)ကို မနေ့က လက်မှတ်ရေးထိုးမှုနဲ့ စတင်လိုက်တာဖြစ်ပါတယ်။

ပုံမှန်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်သွားဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းလောက်မှာ ဗြိတိန်က ဥရောပသမဂ္ဂကနေ အပြီးထွက် ခွာပြီး ဖြစ်နေပါလိမ့်မယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)