မြန်မာစစ်ယူနီဖောင်း အစုံ ၂၀၀ ဘင်္ဂလားဒေ့ရှ်မှာ မိ

0
310

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ကောက်ဘဇားမြို့၊ တက္ကနပ်ဖ် ဆိပ်ကမ်းမှာ မြန်မာ့ တပ်မတော် စစ်ယူနီဖောင်း အစုံ ၂၀၀ ကို ဘင်္ဂလားဒေ့ရှ် အကောက်ခွန်က ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ယူနီဖောင်းတွေ အပြင် အိတ် ၁၈၆ အိတ်၊ ကျည်အိတ် ၄၅၂ ခု၊ ဦးထုပ် အလုံး ၅၀ တို့ကိုလည်း ဖမ်းဆီးရမိပါတယ်။ တခြားဖမ်းမိတာကတော့ ဖိနပ်၊ ငါးခြောက်၊ မန်ကျီးသီး၊ သခွားသီးတွေ ဖြစ်ပါတယ်။

တက္ကနပ်ဖ် ဆိပ်ကမ်းမှာ ဝင်ရောက် စီးနင်စဉ် ဒီအရာတွေကို ဖမ်းမိတာ ဖြစ်ပါတယ်၊ စစ်ယူနီဖောင်းတွေကို နိုင်ငံထဲ ခိုးသွင်းလာပါတယ်လို့ အကောက်ခွန် အရာရှိ မိုရှာရပ်ဖ် ဟူစိန် ဆလိမ်းက ပြောပါတယ်။

အဲဒါတွေကို တင်သွင်းလာတာက ရာမန် ထရိတ်ဒင်းနဲ့ SR ထရိတ်ဒင်း သွင်းကုန်လုပ်ငန်းက ဖြစ်ပါတယ်။ ဘန်ဒါဘန်ဆိုသူက တင်သွင်းခိုင်းတယ်လို့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပြီး ဘူအောင်ချာကမာ ဆိုသူကိုလည်း အမှုနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဒု ဗိုလ်မှူးကြီး အဘူဇာ အယ်လ် ဂျာဟစ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)