မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ နှစ်နှစ်အတွင်း မြန်မာ ၆၀ ကျော် သေဆုံး

0
267

မလေးရှားနိုင်ငံမှာ ရှိတဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ နှစ်နှစ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော် သေဆုံးတဲ့အနက် ၆၀ ကျော်ဟာ မြန်မာတွေ ဖြစ်တယ်လို့ မလေးရှား အမျိုးသား လူ့အခွင့်အရေး ကောင်စီရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ရောဂါဘယ ဖြစ်ပွားမှု အပြင် အကြောင်းရင်း မပေါ်ဘဲ သေဆုံးမှုတွေလည်း ရှိပါတယ်။

အင်ဒိုနီးရှားနဲ့ ထိုင်းမှာ ရှိတဲ့ ထိန်းသိမ်းရေးစခန်းတွေနဲ့ ယှဉ်ရင် မလေးရှားမှာ သေဆုံးမှုနှုန်းဟာ မြင့်တက်နေတဲ့ အကြောင်းရင်းကို မသိရှိရပါဘူး။

အမေရိကန်မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ မနှစ်က လူ ၁၀ ဦးပဲ သေဆုံးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)