မက္ကဆီကို နိုင်ငံက မီးရထားသံလမ်းအနီးမှာ အလောင်း ၁၀ လောင်းတွေ့

0
439

မက္ကဆီကိုနိုင်ငံက ရဲတွေဟာ ရထားလမ်းတလမ်း အနီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူသေအလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

အဲဒီ လူသေအလောင်းတွေကို ကိုလီမာနဲ့ ဂျယ်လီစကို ပြည်နယ် နှစ်ခုရဲ့နယ်စပ်မှာရှိတဲ့ ရထားလမ်းတစ်လမ်း အနီးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအလောင်းတွေအပြင် တနီလို လို့ခေါ်တဲ့ဒေသမှာရှိတဲ့ ချောက်တစ်ခုထဲမှာလည်း အလောင်းတချို့ ရှိနေသေးတာဖြစ်ပါတယ်။

အဲဒီအလောင်းတွေဟာ အဲဒီနေရာတွေမှာ ရှိနေတာ ၂ လ၀န်းကျင်ရှိနေပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

လက်ရှိမှာ အဲဒီလူသေအလောင်းတွေ တွေ့ရှိမှုကို စုံစမ်းဖော်ထုတ်ဖို့ ကိုလီမာ နဲ့ ဂျယ်စလီကို ပြည်နယ်နှစ်ခုက
ရဲတွေပူးပေါင်းပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ကိုလီမာပြည်နယ်ဟာ ဆီနာလိုအာလို့ ခေါ်တဲ့ မူးယစ်ဂိုဏ်းကြီးရဲ့အခြေချရာနေရာဖြစ်ပြီး
ဂျယ်လီစကိုပြည်နယ်ဟာလည်း ဒေသတွင်းမူးယစ်ဆေးဝါးရောင်းချမှုတွေ မြှင့်တက်လာနေတဲ့ ဒေသလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)