ကျောက်မီးသွေးတူး ခွင့်ပြုလိုက်တဲ့ ထရန့်ကို တရုတ်ဝေဖန်

0
234
တရုတ်အစိုးရပိုင် မီဒီယာကနေတဆင့် အမေရိကန်နိုင်ငံဟာ တကိုယ်ကောင်းဆန်ကြောင်း ဝေဖန်ဖော်ပြလိုက်ပါတယ်။  
ဒါဟာ သမ္မတဒေါ်နယ်လ်ထရန့်က အိုဘားမားလက်ထက်က ပြဌာန်းခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုမှုဝါဒကို ပြင်ဆင်လက်မှတ်ထိုးခဲ့တာကြောင့် တကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်သူအဖြစ် တရုတ်အစိုးရအာဘော်ကို ထင်ဟပ်တဲ့ နိုင်ငံပိုင်မီဒီယာကနေတဆင့်ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက လုပ်ဆောင်ဖို့ငြင်းဆန်လိုက်တဲ့ တာဝန်ဝတ္တရားတွေကို တရုတ်နိုင်ငံအနေနဲ့ အကုန်လိုက်ပြီးတာဝန်မယူနိုင်ကြောင်းလည်း ဖော် ပြခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ GlobalTimesသတင်းစာရဲ့အယ်ဒီတာအာဘော်မှာသဘာဝပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းကနေ ထရန့်ဖယ်ခွာလိုက်တဲ့အပေါ်မှာ ပြင်း ပြင်း ထန်ထန်ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။
 
ဘေဂျင်းအစိုးရအနေနဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တားဆီးတဲ့လုပ်ဆောင်မှုမှာ ခေါင်းဆောင်ရမှာကို မသက်မ သာဖြစ်နေကြောင်းနဲ့ အမေရိကန်ချန်ခဲ့တဲ့ကွက်လပ်ကို မဖြည့်နိုင်ကြောင်းလည်း ရေးသားခဲ့ပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့လည်း အမေရိကန်အစိုးရကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဖိအားပေးကြဖို့လည်း တရုတ်အစိုးရက လော်ဆော် လိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲအဆင့်မှာ အချိန်အကြာကြီးရပ်တည်နေခဲ့ရတာကြောင့် ကိုယ့်နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို စတေးပြီး ဖွံ့ဖြိုးပြီးအနောက်နိုင်ငံ တွေရဲ့အကျိုးစီးပွားကို ဆောင်ရွက်မပေးနိုင်ကြောင်းလည်း အဆိုပါအယ်ဒီတာအာဘော်မှာ ဖော်ပြသွားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့အများဆုံး ထုတ်နေတဲ့နိုင်ငံက တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ ဒီကိစ္စမှာအမေရိကန်က ဒုတိယလိုက်နေတာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကတကယ့်ခြိမ်းခြောက်မှုဖြစ်ကြောင်း တရုတ်ခေါင်းဆောင်တွေက လက်ခံထားကြပါတယ်။
ဒါပေမဲ့လည်း ကျန်တဲ့တကမ္ဘာလုံးထက် တရုတ်နိုင်ငံက ကျောက်မီးသွေးပိုသုံးနေတဲ့နိုင်ငံဖြစ်နေပါတယ်။ မကြာသေးခင်နှစ်တွေအတွင်းမှာတော့ တရုတ်အစိုးရက ကျောက်မီးသွေးအသုံးပြုမှုကို လျော့ ချဖို့ ကြိုးစားလာခဲ့ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)