ဆိုင်ကလုန်း ဒက်ဘ်ဘီရဲ့ အကျိုးဆက်ကြောင့် ကျောင်းအများအပြား ပိတ်ထားရ

0
266

ဆိုင်ကလုန်းဒက်ဘ်ဘီ တိုက်ခတ်အပြီးမှာ ဖြစ်ပေါ်လာတဲ့ ရေလွှမ်းမိုးမှုကြောင့် သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ဒ်အရှေ့တောင်ပိုင်းရှိကျောင်းအားလုံးကို ပိတ်ထား ရပါတယ်။

ကွင်းစလန်ဒ် အရှေ့မြောက်ပိုင်းမှာ မုန်တိုင်းနှစ်ရက် ဖြစ်ပေါ်ခဲ့ပြီးနောက် ကြာသပတေးနေ့မှာ လူနေထိုင်မှု အထူထပ်ဆုံးဒေသကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကလုန်းလို့ ဆိုရလောက်အောင် မကြီးမားတော့ပေမယ့် ကွင်းစလန်ဒ်မြို့တော် ဘရစ္စဘန်းမှာ နှစ်နာရီကြာတဲ့အထိ မိုးရေချိန်လက်မ ၂၀၀ မီလီမီတာ အထိ ရွာသွန်းခဲ့ပြီး လစဉ်ပျဉ်းမျှပမာဏထက် များပြားခဲ့ပါတယ်။

ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေမယ့်လည်း ကျောင်းပေါင်း ၁၀၀၀ ကျော်ကို ပိတ်ထားရပြီး ပြည်သူတွေကို အိမ်မှာနေဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

မိုင်ပေါင်း ၃၇၀ ဧရိယာအတွင်း အန်ဂျီဝါတားကနေ ကိုးလ်လန်ဂါတာအထိ ဒေသတွင်းက ကျောင်းတိုင်းကို နောက်တစ်ပတ် တနင်္လာနေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)