အိန္ဒိယမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာ ရေလုပ်သား ၈၈ ဦးကို ပြန်ခေါ်ယူ

0
293

အိန္ဒိယနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ကျခံရပြီးနောက် Camp ထဲမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာရေလုပ်သား ၈၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက MNA လေကြောင်းလိုင်းက လေယာဉ် စင်းလုံးငှားပြီး သွားရောက် ခေါ်ယူတာ ဖြစ်ပါတယ်။

ပြန်လည် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသာ ၈၈ ဦးဟာ ဧရာဝတီတိုင်းက ၆၆ ဦး၊ တနင်္သာရီတိုင်းက ၇ ဦး၊ ရန်ကုန်တိုင်းက ၂ ဦး၊ ရခိုင်ပြည်နယ်က ၁၂ ဦးနဲ့ မွန်ပြည်နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရေလုပ်သားတွေကို ၂၀၁၁ ခုနှစ်ကတည်းက အကြိမ်ကြိမ် ခေါ်ယူခဲ့ရာမှာ စုစုပေါင်း ၁၁၈၁ ဦးကို ပြန်လည် ခေါ်ယူပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)