အီဂျစ်နိုင်ငံက ခရီးသည်တင် A320 ဂျက်လေယဉ်တစ်စင်း ပြန်ပေးဆွဲခံခဲ့ရ

0
288

အီဂျစ်နိုင်ငံက Alexandria မြို့နဲ့ Cairo မြို့ကို ပျံသန်းတဲ့ ခရီးသည်တင် A320 ဂျက်လေယဉ်တစ်စင်း မတ်လ 29 ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ဗုံးတွေတပ်ဆင်ထားတဲ့ အင်္ကျီကိုဝတ်ထားတယ်လို့ ခရီးသည်တစ်ဦးက လေယာဉ်မှူးကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်မှူးဖြစ်သူက ခရီးသည်တစ်ဦးရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း တာဝန်ရှိသူတွေကို သတင်းပေးပို့ခဲ့ပြီး အဲဒီ လေယာဉ်ကို ဆိုက်ပရပ်နိုင်ငံ Larnaca လေဆိပ်ကို ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။ ပြန်ပေးဆွဲသူနဲ့ညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါ လေယာဉ်ဝန်ထမ်းတွေနဲ့ နိုင်ငံခြားသား လေးဦး က လွဲပြီး ခရီးသည် အားလုံးကိုပြန်လွှတ်ပေးလိုက်တယ်လို့ အီဂျစ်လေကြောင်းက ပြောပါတယ်။ အဲဒီလေယာဉ်မှာ ခရီးသည် 60 ခန့်နဲ့ လေယာဉ်ဝန်ထမ်း 7 ဦးပါဝင်တယ်လို့ အီဂျစ်နဲ့ ဆိုက်ပရပ်နိုင်ငံက တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)