ကေနဒါမွာ လူသတ္မႈ ဆက္တိုက္ က်ဴးလြန္သူကို ဖမ္းဆီး

0
2091

ကေနဒါႏိုင္ငံ၊ တိုရြန္တိုၿမိဳ႕မွာ ၿခံေျမအလွျပဳျပင္သူတစ္ဦးကို လူ ၅ ဦးအား သတ္ျဖတ္မႈနဲ႔ ဖမ္းဆီးလိုက္ၿပီး ရဲတပ္ဖြဲ႔က လူသတ္မႈေတြ ထပ္မံ ရွိ၊ မရွိ ရွာေဖြေနၾကပါတယ္။

ဘ႐ုစ္ မက္ခ္အာသာ (၆၆ ႏွစ္) ကို ဒီလ အေစာပိုင္းမွာ ဆီလင္ အက္ဆန္နဲ႔ အင္ဒ႐ူး ကင္းစ္မန္းတို႔ ႏွစ္ဦး ေပ်ာက္ဆံုးေနမႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

မက္ခ္အာသာ အလုပ္လုပ္ေပးခဲ့တဲ့ ၿခံေတြထဲက အပင္ေတြေအာက္မွာ လူ ၃ ေယာက္ရဲ႕ အေလာင္း အစိတ္အပိုင္းေတြ ထပ္မံေတြ႔ရွိၿပီးေနာက္ မက္ခ္အာသာကို လူ ၅ ဦးကို သတ္ျဖတ္မႈနဲ႔ စစ္ေဆးေနတာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေတြ႔ရွိရတဲ့ အေလာင္း ၃ ေလာင္း အစိတ္အပိုင္းေတြကေတာ့ မာဂ်စ္ ေကဟန္၊ ဆိုရပ္ရွ္ မာမူဒီနဲ႔ ဒင္ လီဆိုဝစ္ခ္တို႔ ျဖစ္ေၾကာင္း ရဲက ေျပာပါတယ္။

ကေနဒါရဲေတြဟာ မက္ခ္အာသာ အလုပ္လုပ္ေပးခဲ့တဲ့ ေနရာ ၃၀ မွာ ရွာေဖြမႈေတြ ဆက္လုပ္ေနပါတယ္။ လူဘယ္ႏွေယာက္ကို သတ္ခဲ့သလဲဆိုတာ မသိရေသးပါဘူးလို႔ တိုရြန္တိုရဲအရာရွိ ဟန္ အစ္ဆင္ဂါက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကနေဒါမှာ လူသတ်မှု ဆက်တိုက် ကျူးလွန်သူကို ဖမ်းဆီး

ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ခြံမြေအလှပြုပြင်သူတစ်ဦးကို လူ ၅ ဦးအား သတ်ဖြတ်မှုနဲ့ ဖမ်းဆီးလိုက်ပြီး ရဲတပ်ဖွဲ့က လူသတ်မှုတွေ ထပ်မံ ရှိ၊ မရှိ ရှာဖွေနေကြပါတယ်။

ဘရုစ် မက်ခ်အာသာ (၆၆ နှစ်) ကို ဒီလ အစောပိုင်းမှာ ဆီလင် အက်ဆန်နဲ့ အင်ဒရူး ကင်းစ်မန်းတို့ နှစ်ဦး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မက်ခ်အာသာ အလုပ်လုပ်ပေးခဲ့တဲ့ ခြံတွေထဲက အပင်တွေအောက်မှာ လူ ၃ ယောက်ရဲ့ အလောင်း အစိတ်အပိုင်းတွေ ထပ်မံတွေ့ရှိပြီးနောက် မက်ခ်အာသာကို လူ ၅ ဦးကို သတ်ဖြတ်မှုနဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

နောက်ထပ် တွေ့ရှိရတဲ့ အလောင်း ၃ လောင်း အစိတ်အပိုင်းတွေကတော့ မာဂျစ် ကေဟန်၊ ဆိုရပ်ရှ် မာမူဒီနဲ့ ဒင် လီဆိုဝစ်ခ်တို့ ဖြစ်ကြောင်း ရဲက ပြောပါတယ်။ ကနေဒါရဲတွေဟာ မက်ခ်အာသာ အလုပ်လုပ်ပေးခဲ့တဲ့ နေရာ ၃၀ မှာ ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်။ လူဘယ်နှယောက်ကို သတ်ခဲ့သလဲဆိုတာ မသိရသေးပါဘူးလို့ တိုရွန်တိုရဲအရာရှိ ဟန် အစ်ဆင်ဂါက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)