အေမရိကန္မွာ ကိုယ္လက္အဂၤါ ခ်ိဳ႕တဲ့တဲ့ ရည္းစားကို ႐ိုက္ႏွက္သူ အဖမ္းခံရ

0
2177

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္မွာ လက္ႏွစ္ဖက္ေရာ ေျခႏွစ္ဘက္ပါ မရွိတဲ့ ရည္းစားျဖစ္သူကို ႐ိုက္ႏွက္တဲ့အတြက္ အတူေနရည္းစားျဖစ္သူ အမ်ိဳးသားကို ဖမ္းဆီးလိုက္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ ဘရန္ဒီ ဂရီဂိုရီရဲ႕ လက္ကိုင္ဖုန္းကို ရည္းစားျဖစ္သူ အသက္ ၃၇ ႏွစ္အရြယ္ ပက္ထရစ္ မိုအန္က ႐ိုက္ခြဲထားတဲ့အတြက္ ရဲကို ဖုန္းမဆက္ႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္ ဇန္နဝါရီလ ၂၈ ရက္ေန႔က ဗီ႐ိုကမ္းေျခရွိ ေဝါလ္မတ္ စတိုးဆိုင္ကို မိုအန္က ဂရီဂိုရီကို ေခၚသြားခ်ိန္မွာ ရဲကို ဖုန္းဆက္ဖို႔ ဂရီဂိုရီက တစ္ဦးဦးကို ေျပာခဲ့ပါတယ္။ မိုအန္ ကိုယ္တိုင္ကလည္း သူ႔ရည္းစားကို သူ႐ိုက္ေၾကာင္းနဲ႔ ရဲကို တစ္ေယာက္ေယာက္က အေၾကာင္းၾကားရင္ သူ ေထာင္ထဲသြားမွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ရဲစခန္း စစ္ခ်က္မွာ မိုအန္က ဂရီဂိုရီကို ဆက္လက္ မေစာင့္ေရွာက္ႏိုင္တဲ့အတြက္ သူ႔ကို ႐ိုက္ၿပီး ေျဖာင့္ခ်က္ေပးလိုက္ရင္ သူလည္း ေထာင္က်ၿပီး ဆက္လက္ ေစာင့္ေရွာက္စရာ မလိုဘဲ ႏိုင္ငံေတာ္က ေစာင့္ေရွာက္လိမ့္မယ္လို႔ ထင္ေၾကာင္း ေျပာထားပါတယ္။ မိုအန္ဟာ မူးလာရင္ သူ႔ကို တစ္လတစ္ခါေလာက္ ႐ိုက္ေလ့ရွိတယ္လို႔ ဂရီဂိုရီက ထြက္ဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ ကိုယ်လက်အင်္ဂါ ချို့တဲ့တဲ့ ရည်းစားကို ရိုက်နှက်သူ အဖမ်းခံရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ လက်နှစ်ဖက်ရော ခြေနှစ်ဘက်ပါ မရှိတဲ့ ရည်းစားဖြစ်သူကို ရိုက်နှက်တဲ့အတွက် အတူနေရည်းစားဖြစ်သူ အမျိုးသားကို ဖမ်းဆီးလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဘရန်ဒီ ဂရီဂိုရီရဲ့ လက်ကိုင်ဖုန်းကို ရည်းစားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ပက်ထရစ် မိုအန်က ရိုက်ခွဲထားတဲ့အတွက် ရဲကို ဖုန်းမဆက်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့က ဗီရိုကမ်းခြေရှိ ဝေါလ်မတ် စတိုးဆိုင်ကို မိုအန်က ဂရီဂိုရီကို ခေါ်သွားချိန်မှာ ရဲကို ဖုန်းဆက်ဖို့ ဂရီဂိုရီက တစ်ဦးဦးကို ပြောခဲ့ပါတယ်။ မိုအန် ကိုယ်တိုင်ကလည်း သူ့ရည်းစားကို သူရိုက်ကြောင်းနဲ့ ရဲကို တစ်ယောက်ယောက်က အကြောင်းကြားရင် သူ ထောင်ထဲသွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ရဲစခန်း စစ်ချက်မှာ မိုအန်က ဂရီဂိုရီကို ဆက်လက် မစောင့်ရှောက်နိုင်တဲ့အတွက် သူ့ကို ရိုက်ပြီး ဖြောင့်ချက်ပေးလိုက်ရင် သူလည်း ထောင်ကျပြီး ဆက်လက် စောင့်ရှောက်စရာ မလိုဘဲ နိုင်ငံတော်က စောင့်ရှောက်လိမ့်မယ်လို့ ထင်ကြောင်း ပြောထားပါတယ်။ မိုအန်ဟာ မူးလာရင် သူ့ကို တစ်လတစ်ခါလောက် ရိုက်လေ့ရှိတယ်လို့ ဂရီဂိုရီက ထွက်ဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)