ၾသစေၾတးလ်မွာ ကားေမာင္းခြင့္ ၉၈၄ ႏွစ္ အပိတ္ခံရသူကို ကားေမာင္းေနစဥ္ ဖမ္းမိ

0
2098

ၾသစေၾတးလ်ႏိုင္ငံမွာ ကားေမာင္းခြင့္ ၉၈၄ ႏွစ္ ပိတ္ပင္ခံထားရသူကို ကားေမာင္းေနစဥ္ ရဲေတြက ဖမ္းမိခဲ့ပါတယ္။

မူးယစ္ေသာက္စားထားစဥ္ ကားေမာင္းမႈ အပါအဝင္ ယာဥ္ေမာင္းမႈနဲ႔ ပတ္သက္လို႔ ျပစ္မႈမ်ားစြာ ရွိတဲ့အတြက္ အရည္အခ်င္း မျပည့္မီဘူးဆိုၿပီး ကားေမာင္းခြင့္ကို ၃၀၀၂ ခုႏွစ္အထိ အပိတ္ခံထားရတဲ့ အသက္ ၅၂ ႏွစ္အရြယ္ အမ်ိဳးသားကို ကားေမာင္းေနစဥ္ ရဲေတြက ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၂၈ ရက္ေန႔ ညေနက လစၥေမာ ေတာင္ပိုင္းရွိ ဒြန္ဂါရပ္ဘာမွာ ကားကိုရပ္တန္႔စစ္ေဆးစဥ္ အခုလို ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ အဲဒီ အမ်ိဳးသားကို အရက္ေသာက္ၿပီး ကားေမာင္းမႈ၊ အရည္အခ်င္းမျပည့္ေၾကာင္း သတ္မွတ္ခ်က္ကို ခ်ိဳးေဖာက္ၿပီး ကားေမာင္မႈတို႔နဲ႔ လစၥေမာ ရဲစခန္းက အမႈဖြင့္အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျမှာ ကားမောင်းခွင့် ၉၈၄ နှစ် အပိတ်ခံရသူကို ကားမောင်းနေစဉ် ဖမ်းမိ

သြစတြေးလျနိုင်ငံမှာ ကားမောင်းခွင့် ၉၈၄ နှစ် ပိတ်ပင်ခံထားရသူကို ကားမောင်းနေစဉ် ရဲတွေက ဖမ်းမိခါဲ့ပတယ်။

မူးယစ်သောက်စားထားစဉ် ကားမောင်းမှု အပါအဝင် ယာဉ်မောင်းမှုနဲ့ ပတ်သက်လို့ ပြစ်မှုများစွာ ရှိတဲ့အတွက် အရည်အချင်း မပြည့်မီဘူးဆိုပြီး ကားမောင်းခွင့်ကို ၃၀ဝ၂ ခုနှစ်အထိ အပိတ်ခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားကို ကားမောင်းနေစဉ် ရဲတွေက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေက လစ္စမော တောင်ပိုင်းရှိ ဒွန်ဂါရပ်ဘာမှာ ကားကိုရပ်တန့်စစ်ဆေးစဉ် အခုလို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသားကို အရက်သောက်ပြီး ကားမောင်းမှု၊ အရည်အချင်းမပြည့်ကြောင်း သတ်မှတ်ချက်ကို ချိုးဖောက်ပြီး ကားမောင်မှုတို့နဲ့ လစ္စမော ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)