ကေလးငယ္ေတြရဲ႕ ျပဳျပင္ဖို႔လိုေနတဲ့ နားရြက္ကို သိပၸံပညာရွင္ေတြ ႀကီးထြားေအာင္ လုပ္ေပး

0
2057

တ႐ုတ္ႏိုင္ငံမွာ ပံုသ႑န္မမွန္တဲ့ နာရြက္နဲ႔ ေမြးဖြားလာတဲ့ ကေလးငယ္ ငါးဦးရဲ႕ နားရြက္ေတြကို သိပၸံပညာရွင္ေတြက 3-D ပံုရိပ္အသံုးျပဳၿပီး ဆဲလ္ေတြႀကီးထြားလာေအာင္ ဖန္တီးကာ ျပဳျပင္ေပးခဲ့ၾကပါတယ္။

သုေတသီေတြဟာ မိုက္ခ႐ိုက္ရွားလို႔ ေခၚတဲ့ ပံုသ႑န္မမွန္တဲ့ နားရြက္က ကြန္ဒ႐ိုဆိုက္လို႔ ေခၚတဲ့ ဆဲလ္ေတြကို ယူကာ နားရြက္ပံုစံသစ္ ႀကီးထြားေအာင္ ျပဳလုပ္ေပးတဲ့ ပထမဆံုးေသာ ဖန္တီးျပဳျပင္ေပးမႈ ျဖစ္ပါတယ္။ ကေလးငယ္ေတြအတြင္ ေကာင္းမြန္တဲ့ နားရြက္ပံုစံကို 3-D ပံုရိပ္နဲ႔ ပံုေဖာ္ၿပီး ဆဲလ္သစ္ေတြနဲ႔ ဖန္တီးေပးတာ ျဖစ္ပါတယ္။

အဲဒီေနာက္ ႀကီးထြားလာတဲ့ နားရြက္ပံုစံကို နားရြက္ရဲ႕ လုပ္ငန္းေဆာင္တာေတြ ၿပီးေျမာက္ေအာင္ ျပဴျပင္ေပးတဲ့အေၾကာင္းကို အီးဘိုင္အိုမက္ဒီဆင္ ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂ ႏွစ္ခြဲ အထက္ရွိတဲ့ ကေလးငယ္ တစ္ဦးစီအတြက္ နားရြက္အသစ္တစ္ခု ရေအာင္ ပံုစံခ်တာ၊ ျပဳလုပ္တာ၊ ပံုစံသြင္းတာေတြကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့တယ္လို႔ သုေတသီေတြက ဂ်ာနယ္မွာ ေရးသားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးငယ်တွေရဲ့ ပြုပြင်ဖို့လိုနေတဲ့ နားရွက်ကို သိပ္ပံပညာရှင်တွေ ကြီးထွားအောင် လုပ်ပေး

တရုတ်နိုင်ငံမှာ ပုံသဏ္ဍန်မမှန်တဲ့ နာရွက်နဲ့ မွေးဖွားလာတဲ့ ကလေးငယ် ငါးဦးရဲ့ နားရွက်တွေကို သိပ္ပံပညာရှင်တွေက 3-D ပုံရိပ်အသုံးပြုပြီး ဆဲလ်တွေကြီးထွားလာအောင် ဖန်တီးကာ ပြုပြင်ပေးခဲ့ကြပါတယ်။

သုတေသီတွေဟာ မိုက်ခရိုက်ရှားလို့ ခေါ်တဲ့ ပုံသဏ္ဍန်မမှန်တဲ့ နားရွက်က ကွန်ဒရိုဆိုက်လို့ ခေါ်တဲ့ ဆဲလ်တွေကို ယူကာ နားရွက်ပုံစံသစ် ကြီးထွားအောင် ပြုလုပ်ပေးတဲ့ ပထမဆုံးသော ဖန်တီးပြုပြင်ပေးမှု ဖြစ်ပါတယ်။ ကလေးငယ်တွေအတွင် ကောင်းမွန်တဲ့ နားရွက်ပုံစံကို 3-D ပုံရိပ်နဲ့ ပုံဖော်ပြီး ဆဲလ်သစ်တွေနဲ့ ဖန်တီးပေးတာ ဖြစ်ပါတယ်။

အဲဒီနောက် ကြီးထွားလာတဲ့ နားရွက်ပုံစံကို နားရွက်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်အောင် ပြူပြင်ပေးတဲ့အကြောင်းကို အီးဘိုင်အိုမက်ဒီဆင် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ အသက် ၂ နှစ်ခွဲ အထက်ရှိတဲ့ ကလေးငယ် တစ်ဦးစီအတွက် နားရွက်အသစ်တစ်ခု ရအောင် ပုံစံချတာ၊ ပြုလုပ်တာ၊ ပုံစံသွင်းတာတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ သုတေသီတွေက ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)