႐ုရွားကို ပိတ္ဆို႔အေရးယူဖို႔ အိမ္ျဖဴေတာ္ ျငင္းဆန္

0
2096

၂၀၁၆ ခုႏွစ္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ စြက္ဖက္တယ္ဆိုၿပီး ႐ုရွားႏိုင္ငံကို ပိတ္ဆို႔အေရးယူဖို႔ ကြန္ဂရက္က မဲခြဲထားေပမယ့္ အဲဒီ အေရးယူမႈကို လုပ္ေဆာင္မွာ မဟုတ္ဘူးလို႔ အိမ္ျဖဴေတာ္က မေန႔က ဇန္နဝါရီ ၂၉ မွာ ေၾကညာလိုက္ပါတယ္။

သမၼတ ဘားရက္ အိုဘားမား လက္ထက္မွာ ေမရီလန္းနဲ႔ နယူးေယာက္ၿမိဳ႕ေတြရွိ ႐ုရွား သံတမန္ဆိုင္ရာ အေဆာက္အဦးေတြကို ပိတ္ခဲ့ၿပီး ဝန္ထမ္းတခ်ိဳ႕ကို ျပန္လႊတ္ခဲ့ပါတယ္။ မႏွစ္က ဇြန္လမွာ သမၼတ ထရမ့္က ပိတ္သိမ္းထားတဲ့ ႐ုရွား သံတမန္ဆိုင္ရာ ပိုင္ဆိုင္မႈေတြကို ျပန္ေပးဖို႔ စဥ္းစားခဲ့ပါတယ္။

႐ုရွားသမၼတ ဗလာဒီမာ ပူတင္ကလည္း ပိတ္ဆို႔အေရးယူေရး ဆံုးျဖတ္ခ်က္ကို တံု႔ျပန္တဲ့အေနနဲ႔ အေမရိကန္ သံ႐ံုးဝန္ထမ္း ၇၅၅ ဦးကို တိုင္းျပည္က ႏွင္ထုတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားကို ပိတ်ဆို့အရေးယူဖို့ အိမ်ဖြူတော် ငြင်းဆန်

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ စွက်ဖက်တယ်ဆိုပြီး ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူဖို့ ကွန်ဂရက်က မဲခွဲထားပေမယ့် အဲဒီ အရေးယူမှုကို လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က မနေ့က ဇန်နဝါရီ ၂၉ မှာ ကြေညာလိုက်ပါတယ်။

သမ္မတ ဘားရက် အိုဘားမား လက်ထက်မှာ မေရီလန်းနဲ့ နယူးယောက်မြို့တွေရှိ ရုရှား သံတမန်ဆိုင်ရာ အဆောက်အဦးတွေကို ပိတ်ခဲ့ပြီး ဝန်ထမ်းတချို့ကို ပြန်လွှတ်ခဲ့ပါတယ်။ မနှစ်က ဇွန်လမှာ သမ္မတ ထရမ့်က ပိတ်သိမ်းထားတဲ့ ရုရှား သံတမန်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့ စဉ်းစားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း ပိတ်ဆို့အရေးယူရေး ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သံရုံးဝန်ထမ်း ၇၅၅ ဦးကို တိုင်းပြည်က နှင်ထုတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)