အင္ဒိုနီးရွားမွာ လိင္ေျပာင္းထားသူေတြကို စီးနင္း ဖမ္းဆီး

0
2232

အင္ဒိုနီးရွားႏိုင္ငံ၊ အာေခ်းျပည္နယ္မွာ လိင္ေျပာင္းထားသူေတြ ပိုင္ဆိုင္တဲ့ အလွျပင္ဆိုင္ ငါးဆိုင္ကို ရဲနဲ႔ ရွရီယာ ဘာသာေရးရဲေတြက ဝင္ေရာက္စီးနင္ၿပီး လိင္ေျပာင္းထားသူ ၁၂ ဦးကို ဇန္နဝါရီလ ၂၇ ရက္ေန႔က ဖမ္းဆီးလိုက္ပါတယ္။

ဖမ္းဆီးထားသူေတြကို လူပံုအလယ္မွာ အက်ႌေတြ ခြ်တ္ခိုင္းၿပီး ဆံပင္ေတြကိုလည္း ျဖတ္ပစ္ခဲ့ၾကပါတယ္။ အာေခ်းေျမာက္ပိုင္း ရဲခ်ဳပ္ အန္တြန္ ဆန္ဂါဂ်ီက စုေဝးေရာက္ရွိလာတဲ့ လူထုကို သူတို႔ရဲ႕ အူလာမာ မြတ္စလင္ ပညာရွင္ေတြက ဒီ (လိင္ေျပာင္းမႈ) ေရာဂါကို သေဘာမတူေၾကာင္း၊ ဒီေရာဂါ အခု ပ်ံ႔ႏွံ႔ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လိင္ေျပာင္းထားတဲ့ ဆိုင္ပိုင္ရွင္ေတြကိုသာမက သူတို႔ဆိုင္မွာ ဆံပင္လာၿပီး အလွျပင္သူေတြကိုလည္း အေရးယူမွာ ျဖစ္တယ္လို႔ ရဲခ်ဳပ္က ၿခိမ္းေျခာက္ ေျပာဆိုခဲ့ပါတယ္။ မြတ္စလင္ ဘာသာေရးဆရာေတြက တိုင္တန္းလို႔ လိင္ေျပာင္းထားသူ အလွျပင္ဆိုင္ရွင္ေတြ အဖမ္းခံရတာ ျဖစ္ပါတယ္။

အာေခ်းျပည္နယ္ဟာ လက္စဘီယန္၊ ေဂး၊ လိင္ႏွစ္မ်ိဳးလံုး စိတ္ဝင္စားသူနဲ႔ လိင္ေျပာင္းထားသူ (LGBT) ေတြကို အလြန္ႏွိပ္ကြပ္တဲ့ နာမည္ဆိုးရွိ ျပည္နယ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားမှာ လိင်ပြောင်းထားသူတွေကို စီးနင်း ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မှာ လိင်ပြောင်းထားသူတွေ ပိုင်ဆိုင်တဲ့ အလှပြင်ဆိုင် ငါးဆိုင်ကို ရဲနဲ့ ရှရီယာ ဘာသာရေးရဲတွေက ဝင်ရောက်စီးနင်ပြီး လိင်ပြောင်းထားသူ ၁၂ ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးထားသူတွေကို လူပုံအလယ်မှာ အင်္ကျီတွေ ချွတ်ခိုင်းပြီး ဆံပင်တွေကိုလည်း ဖြတ်ပစ်ခဲ့ကြပါတယ်။ အာချေးမြောက်ပိုင်း ရဲချုပ် အန်တွန် ဆန်ဂါဂျီက စုဝေးရောက်ရှိလာတဲ့ လူထုကို သူတို့ရဲ့ အူလာမာ မွတ်စလင် ပညာရှင်တွေက ဒီ (လိင်ပြောင်းမှု) ရောဂါကို သဘောမတူကြောင်း၊ ဒီရောဂါ အခု ပျံ့နှံ့နေကြောင်း ပြောဆိုခဲ့ပါတယ်။

လိင်ပြောင်းထားတဲ့ ဆိုင်ပိုင်ရှင်တွေကိုသာမက သူတို့ဆိုင်မှာ ဆံပင်လာပြီး အလှပြင်သူတွေကိုလည်း အရေးယူမှာ ဖြစ်တယ်လို့ ရဲချုပ်က ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ မွတ်စလင် ဘာသာရေးဆရာတွေက တိုင်တန်းလို့ လိင်ပြောင်းထားသူ အလှပြင်ဆိုင်ရှင်တွေ အဖမ်းခံရတာ ဖြစ်ပါတယ်။

အာချေးပြည်နယ်ဟာ လက်စဘီယန်၊ ဂေး၊ လိင်နှစ်မျိုးလုံး စိတ်ဝင်စားသူနဲ့ လိင်ပြောင်းထားသူ (LGBT) တွေကို အလွန်နှိပ်ကွပ်တဲ့ နာမည်ဆိုးရှိ ပြည်နယ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)