
0
2037




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်က ဂျီဟတ် တိုက်ခိုက်ရေးသမားတွေ အာဖဂန်မှာ သွားတိုက်ခိုက်နေ

ဗြိတိန်နိုင်ငံသား ဂျီဟတ်သမားတွေဟာ ဆီးရီးယားနဲ့ အီရတ်မှာ IS အကြမ်းဖက်အဖွဲ့ကို ကူညီတိုက်ခိုက်ပြီးနောက် နယ်စပ်ကိုဖြတ်ကာ အခု အာဖဂန်နစ္စတန်မှာ သွားရောက် အကြမ်းဖက် တိုက်ခိုက်နေကြပါတယ်။

ရာနဲ့ချီတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ အရှေ့အလယ်ပိုင်းကို သွားရောက်ပြီး IS အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းနေကြကာ လူ ၉၅ ဦး သေဆုံးတဲ့ ကဘူးလ်မြို့ တိုက်ခိုက်မှုမှာလည်း ပါဝင်နိုင်ဖွယ် ရှိတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မာ့ခ် ဖီးလ်ဒ်က ပြောပါတယ်။

ဗြိတိသျှ စစ်တပ်ကို ကူညီပြီး စကားပြန်လုပ်ပေးနေသူတွေအပေါ် အစိုးရရဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံခြားရေးဝန်ကြီးက မေးခွန်းထုတ်သွားပါတယ်။ ဗြိတိသျှ တပ်တွေကို ကူညီပေးနေတဲ့ စကားပြန်တွေကို သင့်တော်တဲ့ အကာအကွယ်တွေ ပေးသင့်တယ်လို့ သူက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)