
0
1998




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာလီဘန်တွေနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ သမ္မတ ထရမ့် ပြော

အာဖဂန်နစ္စတန်မှာ မနေ့ ဇန်နဝါရီ ၂၉ ရက်က ၉၅ ဦးသေပြီး ၁၉၁ ဦး ဒဏ်ရာရတဲ့ လူနာတင်ကားသုံးကာ အကြမ်းဖက် တိုက်ခိုက်မှုအပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က တာလီဘန် အကြမ်းဖက်သမားတွေနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

အပြစ်မရှိသူတွေ အသတ်ခံနေရတယ်၊ မိသားစုတွေအလယ်မှာ ကလေးတွေ ဗုံးခွဲခံနေရတယ်၊ အာဖဂန်နစ္စတန်တလွှားမှာ ဗုံးခွဲတယ်၊ သတ်ဖြတ်တယ်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်အနေနဲ့ အကြမ်းဖက်အဖွဲ့နဲ့ ညှိနှိုင်း ဆွေးနွေးမှု လုပ်မှာ မဟုတ်ကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။

ဇန်နဝါရီလ အစောပိုင်းမှာ တာလီဘန်တွေက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တစ်ဦးကို ပါကစ္စတန် အစိုးရဆီ ပို့ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)